နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လူအုပ်ကြီးထဲ အလစ်သုတ်နေတဲ့ ခါးပိုက်နှိုက် ဖမ်းဆီးရမိ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လူအုပ်ကြီးထဲ အလစ်သုတ်နေတဲ့ ခါးပိုက်နှိုက် ဖမ်းဆီးရမိ

Hsan Loi Editor
23/11/2026
Share:
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း လူကြိတ်ကြိတ်တိုး စည်ကားစဥ် အခွင့်ကောင်းယူနေသော ခါးပိုက်နှိုက်တစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၁ ရက်ညက တန်ဆောင်တိုင်ပွဲခင်းအတွင်း ဖမ်းဆီးမိသော ခါးပိုက်နှိုက်တစ်ဦးကို လုံခြုံရေး တာဝန်ကျ စစ်အုပ်စုဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။
ယင်းညမှာပင် တန်ဆောင်တိုင်ပွဲသို့ လူအများအပြားလာရောက်သောကြောင့် လူကြပ်ကာ လူအများအပြား မူးလဲကျသွားသွားပြီး အရေးပေါ်ဌာနသို့ ၄ ဦး ပို့ဆောင်ရသေးကြောင်း သိရသည်။
” ညပိုင်းမီးပုံးပျံ စလွတ်တဲ့ ညကစပြီး ယနေ့အထိပြိုင်ပွဲကွင်းအတွင်းရှိ ကျန်းမာရေးဌာနသို့ ရောက် လာကြတဲ့ ဒဏ်ရာရတွေက ယမ်းထိတဲ့လူထက် VIP ရှေ့ကရှိုးပွဲမှာ ရန်ဖြစ်လို့ ဒဏ်ရာရတဲ့သူက ပိုများနေတယ်” ဟု မြို့ခံတာဝန်ရှိသူတစ်ဦးကပြောသည် ။
စတိတ်ရှိုးပွဲရှေ့တွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသား ၂ ဦး ခေါင်းထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ပွဲတော်ကွင်း အတွင်းရှိ ယာယီဆေးခန်းတွင်ပင် ဆေးကုသမှုပေးခဲ့သည်ဟု သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ ပြုလုပ်လျက်ရှိသည်။