နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တိုင်းနဲ့ပြည်နယ်တွေမှာ ဘွဲ့ရလူစာရင်းတွေ စစ်အုပ်စုက အရေးတကြီးလိုက်လံကောက်ခံနေ

တိုင်းနဲ့ပြည်နယ်တွေမှာ ဘွဲ့ရလူစာရင်းတွေ စစ်အုပ်စုက အရေးတကြီးလိုက်လံကောက်ခံနေ

Hsan Loi Editor
22/12/2025
Share:
ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဘွဲ့ရလူစာရင်းတွေ စစ်အုပ်စုက အရေးတကြီး လိုက်လံကောက်ခံနေတယ်လို့ စုံစမ်းသိရပါတယ်။
ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်က သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တော်တော်များမှာလည်း ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဘွဲ့ရလူစာရင်းများကို ရပ်ကွက်အလိုက် လိုက်လံကောက်ခံနေတယ်လို့ သိရပါတယ်။
“မနေ့ညနေက ဘွဲ့ရစာရင်းတွေ လာကောက်သွားတယ်၊ ၂၀၁၅ ကနေ ၂၀၂၅ နှစ်အတွင်း သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့အပါ ဘွဲ့စုံရသူတွေပေါ့၊ ဘာအတွက်ကောက်တာလဲ မေးတော့ သူတို့လည်း မသိဘူး အထက်က ကောက်ခိုင်းတာလို့ ပြောတယ်” လို့ တောင်ကြီးမြို့ခံတစ်ဦးက Hsan Loi Voice ကိုပြောပါတယ်။
ဘွဲ့ရစာရင်းကောက်ခံတဲ့နေရာမှာ ဝန်ထမ်းနဲ့ ဝန်ထမ်းသားသမီးထဲက မဟုတ်တဲ့သူကိုသာ ကောက်ခံတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီဘွဲ့ရစာရင်းကောက်ခံတာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့က လိုက်လံကောက်ခံတာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်နဲ့ သျှမ်းပြည်နယ်ရှိမြို့နယ်တော်တော်များများမှာ ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို စစ်ကောက်စီက ဘွဲ့ရစာရင်းတွေ ကောက်ခံခိုင်းတာမှာ ရွေးကောက်ပွဲအတွင်း Volunteers ခေါ်ဖို့လုပ်ဆောင်နေတယ်လို့ တချို့လည်း ပြောဆိုနေကြပါတယ်