နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တိုက်ပွဲများကြောင့် ကရင်နီပြည်နယ်အတွင်း လမ်းပိုင်းအချို့ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားဟု ဆို

တိုက်ပွဲများကြောင့် ကရင်နီပြည်နယ်အတွင်း လမ်းပိုင်းအချို့ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားဟု ဆို

Hsan Loi Editor
08/02/2026
Share:
ကရင်နီပြည်နယ်အတွင်း ခရီးသွားလာကြမည့် ပြည်သူများ မိမိတို့ အသက်အန္တရာယ် လုံခြုံရေးအတွက် အောက်ပါလမ်းပိုင်းများကို ယနေ့မှစတင်၍ အသုံးမပြုကြပါရန် ကရင်နီအမျိုးသားရေးများကာကွယ် ရေးတပ် KNDF မှ အထူးသတိပေး တားမြစ်ထား ‌ကြောင်း သိရသည်။
ဒီးမော့ဆို၊ ဖရူဆို၊ ထားလဲ၊ နန်းဖဲ၊ ဘောလခဲ လမ်းမကြီးတစ်လျှောက်နှင့် အဆိုပါ လမ်းမကြီးနှင့်ချိတ် ဆက်ထားသော လမ်းသွယ်အားလုံးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ပြီး မြေပြင် အခြေ အနေ ပြန်လည်ကောင်းမွန်းသည့်အချိန် မရှိမချင်း ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်သည်ဟု ထုတ်ပြန် ချက်တွင်ပါရှိသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့မှစ၍ စစ်ကောင်စီ စစ် ကြောင်းများဖရူဆို၊ ထားလဲ လမ်းပိုင်းနှင့် နန်းဖဲကျေးရွာဘက်သို့ စစ်ကြောင်းများထိုးဝင်ရောက်လာသောကြောင့် တော်လှန်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
လက်ရှိတွင် နှစ်ဖက်စစ်ရေးအခြေအနေမှာ အလွန်တင်းမာနေပြီး ခရီးသွားလမ်းကြောင်းများနှင့် နီးစပ်နေသဖြင့်မိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းများကို လုံးဝ အသုံးမပြုကြပါရန်နှင့် ဘေးကင်းရာတွင် နေထိုင်ကြရန်လည်း KNDF က အရေးပေါ်ထုတ်ပြန်ထားသည်။