နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ မြန်မာနိုင်ငံသား ၃၁ ဦး ဆက်စပ်ပစ္စည်းနဲ့အတူ ဖမ်းမိ

တာချီလိတ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ မြန်မာနိုင်ငံသား ၃၁ ဦး ဆက်စပ်ပစ္စည်းနဲ့အတူ ဖမ်းမိ

Hsan Loi Editor
03/06/2026
Share:
မြန်မာ−ထိုင်းနယ်စပ်၊ တာချီလိတ်မြို့မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ မြန်မာနိုင်ငံသား ၃၁ ဦးနဲ့ အွန်လိုင်းလောင်းကစား လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ယနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
May be an image of television
သတင်းပေးပို့မှုအရ ယမန်နေ့ ဇွန်လ ၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကောင်စီရဲ့ လုံခြုံရေး ပူးပေါင်းအဖွဲ့တွေက တာချီလိတ်မြို့အနီး ဝမ်လုံးကျေးရွာရှိ စဝ်နွဲ့ (ခ)စဝ်နွဲ့လင်း ပိုင်ဆိုင်တဲ့နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးရာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ မြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
May be an image of one or more people
ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ Destop ၅၈ လုံး၊ System ပုံး ၆၀ လုံး၊ ဖုန်းမျိုးစုံ ၆၀ လုံး၊ စားပွဲ ၂၀ လုံး၊ ထိုင်ခုံ ၅၄ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
May be an image of one or more people
အခုဖမ်းမိတဲ့ သူတွေဟာ Telegram ကနေတဆင့် အလုပ်ခေါ်စာတွေ့ရှိပြီး သွားရောက်လုပ်ကိုင်ရာမှ အွန်လိုင်းလိမ်လည်လုပ်ငန်းဖြစ်နေတာ သိရတယ်လို့ ဆိုပါတယ်။
May be an image of one or more people, television, newsroom and text that says '၂၀၂၆/၀၆/၀၁ ၂၂:၀'
ဒီလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေတဲ့သူနဲ့ အဖွဲ့ခေါင်းဆောင်တွေကတော့ ထွက်ပြေးတိမ်းရှောင်သွားပြီး အခုဖမ်းမိတဲ့ သူတွေဟာ ၎င်းတို့ရဲ့ လက်အောက် ငယ်သား ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံ မှ သိရပါတယ်။
အခုဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးပါက တည်ဆဲဥပဒေနဲ့အညီ ထိရောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo- MOI