နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်မှာ ကာလတန်ဖိုး ကျပ်သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ သိန်း ဖမ်းဆီးရမိ

တာချီလိတ်မှာ ကာလတန်ဖိုး ကျပ်သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ သိန်း ဖမ်းဆီးရမိ

Hsan Loi Editor
28/09/2026
Share:

တာချီလိတ်မြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့က ကာလတန်ဖိုး ငွေကျပ်သိန်း ၉၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေးသို သွားရောက်စစ်ဆေးရှာဖွေရာ စောရန်နိုင်၊ နဝရတ်ဂျ်(ခ)အောင်သူရ၊ အားထူ၊ ဇော်လွင်ဦး(ခ) အဝင်း နဲ့ လွမ်းကိုကိုမောင်(ခ)မှတ်ကြီး တို့ ၅ ဦးအား စိတ်ကြွ ဆေးပြား ၂၄ သိန်းနဲ့ လက်ကိုင်ဖုန်း ၆ လုံး တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူ ၅ ဦးကို တာချီလိတ်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက် ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source − CCDAC