နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်မြို့တွင် ရေကြီးပြန်ပြီ

တာချီလိတ်မြို့တွင် ရေကြီးပြန်ပြီ

Hsan Loi Editor
03/10/2024
Share:

 

မိုးအဆက်မပြတ်ပြန်လည်ရွာသွန်းလာမှုကြောင့် သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ ပြန်လည်မြင့်တက်လာမှုမှင့်အတူ မြို့တွင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှု ပြန်လည်ဖြစ်ပေါ်နေကြောင်း သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ (၂) ရက်နေ့ ညပိုင်း(၁၁) နာရီခန့်က စတင်၍ ရေပြန်တက်လာခြင်းဖြစ်ကာ တာချီလိတ်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော မယ်ခေါင်ရပ်ကွက်နှင့် ပုန်းထွန်ရပ်ကွက်များ၌ သွားလာ၍ပင် မရတော့ဟုဆိုသည်။

 

ဒါ့အပြင် လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်အနီးရှိ ယာယီကြိုးတံတားသည်လည်း ယနေ့ နံနက် (၉) နာရီခန့်၌ ရေထဲမျောပါသွားဖြစ်ကြောင်း သိရသည်။

 

“ မြေနိမ့်ပိုင်း ရပ်ကွက်ထဲကလူတွေတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ ယာယီရေဘေးရှောင်နေရာတွေမှာ သွားစုနေကြပြီ။ လျှပ်စစ်မီးလည်း ပြတ်တောက်သွားပြီ။ ရေကဆက်တက်နေတုန်းဆိုတော့ ကူညီကယ်ဆယ်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားကြပါတယ်။” ဟု တာချီလိတ် လူမှုကူညီရေးလုပ်ငန်းဆောင်ရွက်နေသူ ကိုစိုင်းလင်းက ပြောပြသည်။

 

တာချီလိတ်တွင် မိုးမများသော်လည်း မိုင်းဆတ်ခရိုင်အတွင်း ယမန်နေ့ညက မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ ချောင်းအတွင်းဝင်ရောက်ပြီး ရေကြီးမှုဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း ဆက်စပ်သတင်းရရှိသည်။