နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်တွင် အမျိုးသမီးငယ်တဦးကို သေဆုံးလျက်တွေ့ရှိ

တာချီလိတ်တွင် အမျိုးသမီးငယ်တဦးကို သေဆုံးလျက်တွေ့ရှိ

Hsan Loi Editor
04/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ ယနေ့ မွန်းလွဲပိုင်း (2:00) နာရီခန့်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် နေအိမ်အဌားလိုင်းခန်း တခုတွင် အမျိုးသမီးငယ်တဦး သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်ဟု သိရှိရပါသည်။

 

မည်သို့သေဆုံးခြင်းဖြစ်ကြောင်း မေးမြန်းကြည့်ရာ “လူသတ်မှုလား ဘယ်လိုသေဆုံးတယ်ဆိုတာ ရဲဘက်နဲ့ ဆရာဝန်ဘက်ကို မေးမှ သိနိုင်မှာပါ” ဟု ဦးလှမိုးလူမှုကူညီရေးအသင်းက စေတနာ့ဝန်ထမ်းတဦးက ဖြေကြားပါသည်။ ဆရာဝန်၏ဆေးစစ်ချက်သိမှသာ အတည်ပြုနိုင်မည်ဟုဆိုသည်။

 

အခန်းထဲ သေဆုံးနေသော အမျိုးသမီးငယ်မှာ မိုင်းယောင်းမြို့ခံ၊ အသက် (17) နှစ်အရွယ် (နန်းအွန်ပင်း) ဟု အမည်ရပြီး ၎င်း၏ခန္ဓာကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ဆရာဝန်ဆေးစစ်ချက် ရယူရန် ပို့ဆောင်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ နန်းအွန်ပင်း၏ ဆွေမျိုးများလည်း ရောက်ရှိနေပြီး လာရောက်ကြည့်ရူ့နေကြောင်း သိရပါသည်။

 

ဓါတ်ပုံ-ဦးလှမိုးလူမှုကူညီရေးအသင်း

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/