သျှမ်းပြည်အရှေ့ပိုင်း ၊ တာချီလိတ်မြို့နယ်တွင် ဝိနည်းတော်နှင့်မညီသော သံဃာများကို နီးစပ်ရာ ရပ်ကျေးနှင့် မြို့နယ်သံဃာ့နာယကဆရာတော်များထံတိုင်ကြားနိုင်ကြောင်း မြို့နယ်သာသနာတော် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင်သာသနာကို ညှိုနွမ်းစေသည့် အချိန်အ ခါလင့် ဆွမ်းခံကြွ အလှူခံခြင်းနှင့် ပတ်သက်၍ စက်တင်ဘာ (၂၉)ရက် ကဝိနည်းတော်နှင့် မညီသော ရဟန်း အပါး(၂၀)၊သီလရှင် (၈) ပါး၊ ရှင်သာမနေ ( ၅) ပါးစုစုပေါင်း (၃၃)ပါးကို ဝမ်းကောင်းရပ် ကွက်ရှိ တောင်တန်း သာသနာပြု(ဗဟို) ကျောင်း တိုက်၊ ဝန်ထမ်းကုန်းကျောင်းမှာ မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ စုံစမ်းစစ်ရေးအဖွဲ့က အစည်းအဝေးခေါ်ယူကာ သတိပေးခြင်းများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
” စက်တင်ဘာလထဲမှာပဲတာချီလိတ်မြို့မှာသာသနာ ကို ညှိုးနွမ်းစေတဲ့ အရက်သေစာ သောက် စားနေတဲ့ ဦးဇင်း(၂)ပါးနဲ့ ဓားကိုင်ပြီး သောင်းကျန်းခဲ့တဲ့ ဦးဇင်း (၁)ပါးတို့ကိုလည်း ဝိနည်းတော်နဲ့အညီ လူဝတ်လဲခိုင်း တာမျိုး တွေ့ရပါတယ် ” ဟု တာချီလိတ်ဒေသခံတစ်ဦးကပြောသည်။
မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာချီလိတ်မြို့ရှိလူစည်ကားရာနေရာများဖြစ်သည့် စျေးနှင့် လက်ဖက်ရည်ဆိုင်၊ စားသောကစားသောက်ဆိုင်များနှင့် ချစ်ကြည်ရေးအမှတ် (၁)တံတား၊ တာလော့၊ ဝမ်ကောင်း၊ ရန်အောင်မြေ၊ ဆန်ဆိုင်(က)/(ခ)ပုန်းထုန် ရပ်ကွက်ရှိစသည့် စျေးများအတွင်း ဝင်ရောက်လှည့်လည်စစ်ဆေးခဲ့ ပြီး ယခုလထဲ ယင်းသို့ကွင်းဆင်းစစ်ဆေးခဲ့သည်မှာ ၄ ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
သတိပေးခြင်းများကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့်သာသနာ့ဝန်ထမ်းများအနေနှင့် (၅) ကြိမ်နှင့်အထက် စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ သံဃာတော် သီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုက်ရဲ့ ကျောင်းထိုင် ဆရာတော်များထံအသိပေး ပြီး အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ်သာသနာတော် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ကသတိပေးထား သည်။
Photo- တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်
တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်
သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏
သဃနာကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များ
ကြိုတင်ညှိနှိုင်း အစည်းအဝေး အခမ်းအနား။