နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်တွင် ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦး သေ နတ်ပစ်ခံရ

တာချီလိတ်တွင် ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦး သေ နတ်ပစ်ခံရ

Hsan Loi Editor
02/06/2023
Share:

 

တာချီလိတ်မြို့ ၊ ဂေါက်ကွင်းလမ်းပေါ်တွင် ယနေ့ နေ့လည်ပိုင်းအချိန်က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်းမြို့ခံများထံမှ သိရသည်။

“ ပြည့်စစ်အချင်းချင်းပစ်ကြတာလို့တော့ လမ်းကလူတွေပြောနေကြတယ် ၊ ကားတစ်စီးကို ဆိုင်ကယ်တစ်စီးက နောက်ကနေ ဆက်တိုက်လိုက်ပစ်တာ လူထိသွားတယ် သိပ်မကြာဘူး ရဲကားနဲ့စစ်ကားတွေ ရောက်လာတာပဲ” ဟု ဆန်ဆိုင်းရပ်ကွက်ရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၄င်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူမှာ တာလေမြို့နယ် ၊ဗေသလမှ ပြည်သူ့စစ် ဒုခေါင်းဆောင်ဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မျက်နှာအောက် မေးစေ့သို့ ထိခိုက်ကာ ဒဏ်ရာရနေသဖြင့် တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း သျှမ်းအရှေ့သတင်းမဏ္ဍိုင်က ဖော်ပြထားသည်။

ပစ်ခတ်ခံရသည့် အကြောင်းအရင်း အသေးစိပ်ကို HsanLoiVoice က အတည်မပြုနိုင်သေးသော်လည်း တာချီလိတ်တွင် ယခုနှစ်ပိုင်းအတွင်း ဒေသခံ လုပ်ငန်းရှင် တစ်ဦးအားတရားမဝင် ဝင်ရောက်နေထိုင်သော တရုတ်နိုင်ငံသား လူယုံမှ သေနတ်ဖြင့်ပစ်သတ်မှု အပါအဝင် လုပ်ငန်းရှင်တစ်ချို့ ပြန်ပေးဆွဲခံရမှုများ ၊ ဒုစရိုက်မှုများပိုမို များပြားလာကြောင်းတာချီလိတ် မြို့ခံများထံမှ သိရသည်။