နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်တွင် နေအိမ်မီးလောင်မှု ဆက်တိုက်ဖြစ်ပွား

တာချီလိတ်တွင် နေအိမ်မီးလောင်မှု ဆက်တိုက်ဖြစ်ပွား

Hsan Loi Editor
11/02/2023
Share:

 

သျှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ် မြို့နယ်အတွင်း ယနေ့ နံနက် ပိုင်းကနေအိမ်များ ဆက်တိုက်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။

 

ယနေ့ နံနက် ၄ နာရီချိန်ခန့်က တာချီလိတ်မြို့နယ် ၊ဆန်ဆိုင်း(က)ရပ်ကွက် ပုံလို့လမ်း အနီးသဇင် (၃) လမ်းရှိ လူမနေရသေးသည့် တိုက်အိမ်အသစ် တစ် လုံးမီးလောင် မှုဖြစ်ပွားခဲ့ပြီး မိုင်းဖုန်း (ခ)ကျေး ရွာအုပ်စု ၊ပါခုတ်ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီ ဝန်းကျင်၌ အိမ်ရှိ ဆိုလာဘက်ထရီအိုး အပူလွန်ကဲရာမှ အုတ်ခံပျဉ်ကာ နှစ်ထပ်အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

” နွေရာသီရောက်ပြီဆိုတော့ မီးဘေးသတိထားဖို့လိုပြီ မနက်အစောပိုင်းကလောင်တဲ့ အိမ်ကတော့ အိမ်အသစ်ဘာကြောင့်လောင်လဲမသိသေးဘူး ၊မီးသတ်တွေလာငြိမ်းလို့ ၁၁ နာရီလောက်မှာ မီးငြိမ်းသွားတယ် ” ဟု တာချီလိတ်ဒေသခံတစ်ဦးကပြောသည် ။

 

အဆိုပါ မီးလောင်မှုများကြောင့် နေအိမ် နှစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး ပစ္စည်းဆုံးရှုံးမှုအား အတည်ပြုနိုင်ခြင်းမရှိသေးပေ ။