နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်တွင် တစ်လအတွင်း ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ (၉)ဦးအထိရှိလာ 

တာချီလိတ်တွင် တစ်လအတွင်း ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ (၉)ဦးအထိရှိလာ 

Hsan Loi Editor
13/02/2023
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ် မြို့နယ်တွင်း ၊၂၀၂၃နှစ် ဇန်နဝါရီလမှ စတင်ကာ ယနေ့ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့အထိ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ (၉)ဦး၊ထိခိုက်ဒဏ်ရာရရှိသူ (၅)ဦး ရှိနေပြီး ယခင်နှစ်များထက် သေဆုံးထိခိုက်ဒဏ်ရာရရှိသူများနေကြောင်း သိရသည်။

 

” ယာဉ်/လမ်း စည်းကမ်းတွေနားမလည်ကြတာများတယ် ၊ တချို့ဆိုကွေ့ရင်အနောက်တောင်မကြည့်ဘူး၊ ပြီးတော့ မူးယစ်ဆေးဝါးပေါ့ သုံးစွဲထားတော့ အထူးသ ဖြင့်ကားမောင်းတဲ့သူတွေမှာတွေ့ရမယ် ၊ တစ်ခါကဆို သူ့လမ်းကြောင်းမဟုတ်ဘဲ တစ်ဖက်လမ်းကြောင်း ပြောင်း ပြန်မောင်းပြီး ဆိုင်ကယ်တစ်စီးကိုဒဲ့သွားတိုက်တာ မျိုးပေါ့ ” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည် ။

 

ယာဉ်မတော်တဆမှုများတွင်သေဆုံးထိခိုက်ဒဏ်ရာရရှိသူအများစုသည် ဆိုင်ကယ်အသုံးပြုသူများဖြစ်နေပြီးသေဆုံးသူအများစုမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မောင်းနှင်သွားလာနေသူများ ဖြစ် ကြောင်း ၄င်းကပြော သည် ။

 

” တာချီလိတ်မှာကသိတဲ့အတိုင်းလမ်းတွေကအရမ်းကျဥ်းတာ တိုးပွားလာတဲ့ ကားတွေ/ ဆိုင်ကယ်တွေ နဲ့လက်ရှိလမ်း အနေအထားမမျှဘူး တစ်ဖက်ကလမ်းမှားဝင်လာရင် ရှောင်ဖို့နေရာမရှိဘူး ဒါတွေကြောင့်လဲမတော်တဆ ဖြစ်ကြတာပေါ့ ” ဟု မြို့ခံများက ပြောဆိုဝေဖန်ကြသည် ။

 

ယခုကာလအတွင်း ဆိုင်ကယ်စီးရေ (၃၅၀၀)စီးအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်အတူ ဆိုင်ကယ်စီး ဦးထုတ် မဖြစ်မနေ ဝတ်ဆင်ရေးအတွက် အသိပညာပေး ပြောကြားခဲ့ပြီးပညာပေးဆောင် ရွက်နေသည့်ကာလ အ တွင်း၌ပင် နှစ်ကြိမ်တိုင်တိုင် စည်းကမ်းဖောက်ဖျက်၍လိုက်နာခြင်းမရှိသူများအား အရေးယူဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် တစ်လကျော် ကာလအတွင်း စည်းကမ်းပျက်ယာဉ် (၂၂၁) မှု အရေးယူဆောင်ရွက်ခဲ့ပြီးကြောင်း တာချီလိတ်ယာဥ်ထိန်းရုံးကသတင်း ထုတ်ပြန် ထားသည် ။