နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်တွင်ပျောက်ဆုံးနေသော ကျောင်းသူ ၃ ဦး မိုင်းဖြတ်တွင် ပြန်လည်တွေ့ရှိ 

တာချီလိတ်တွင်ပျောက်ဆုံးနေသော ကျောင်းသူ ၃ ဦး မိုင်းဖြတ်တွင် ပြန်လည်တွေ့ရှိ 

Hsan Loi Editor
23/12/2023
Share:

 

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၊ ရန်အောင် မြေ၊ ပါလျှဲ(၁) ၊အခြေခံပညာအထက် တန်းကျောင်း မှ အသက် ၁၇ နှစ် အရွယ် နဝမတန်းကျောင်းသူ ၃ ဦး တို့သည် ဒီဇင်ဘာ ၂၁ ရက်နေ့ က ပျောက်ဆုံးသွားကြောင်းသိရသည်။

 

“ ကြားရသလောက်ကတော့ ကလေး ၃ ယောက်က အိမ်ကနေ ထွက်သွားတာကျောင်းကိုသွားတဲ့ ပုံစံ ကျောင်းရောက်တော့ လိမ်ပြီးခွင့်တိုင်ပြီးမိုင်းဖြတ်ဘက်ကို ဆိုင်ကယ် တစ်စီးနဲ့ သွားလည်ကြတာ မိဘတွေလိုက်ရှာရင်း မိုင်းဖြတ်မြို့ မှာပြန်တွေ့တယ်လို့သိရတယ် ” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြော သည်။

 

ဖြစ်စဉ်မှာ အဆိုပါကျောင်းသူ ၃ ဦးတို့သည် ပါလျှဲ (၁)၊ အထက် တန်းကျောင်းမှ နဝမတန်းကျောင်းသူများဖြစ်ကြပြီး စာမေးပွဲ ဖြေဆိုခြင်းမရှိပဲလိမ်လည် ခွင့်တိုင်တန်းကာ ဆိုင်ကယ် ၁ စီးဖြင့် မိုင်းဖြတ်မြို့ဘက်သို့ ထွက်သွားရာမှ ညနေအထိပြန်လည်ရောက်ရှိခြင်းမရှိသောကြောင့် မိဘများ စိတ်ပူ၍ လိုက်လံရှာဖွေကြရာ မိုင်းဖြတ်မြို့ အနီးပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။