ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

တာချီလိတ်တွင်စည်ပင်က တံတားငယ်အများအပြားတည်ဆောက်နေမှုအပေါ်မြို့ခံများဝေဖန်

တာချီလိတ်တွင်စည်ပင်က တံတားငယ်အများအပြားတည်ဆောက်နေမှုအပေါ်မြို့ခံများဝေဖန်

Hsan Loi Editor
13/05/2026
Share:
သျှမ်းပြည်အရှေ့ပိုင်း ၊ တာချီလိတ်တွင် ရေကြီးရေလျှံလျော့ နည်းစေရန် စည်ပင်နှင့် ဒေသအာ ဏာပိုင်များကမြို့ပေါ်ရပ် ကွက်အတွင်း တံတားငယ် များလိုက်လံတည်ဆောက်နေမှုအပေါ် တာချီလိတ်မြို့ခံများကြား ဝေဖန်မှုမြင့်တက်နေကြောင်း သိရသည်။May be an image of text
“ တံတားဆောက်ရမှာမဟုတ်ဘူးမြောင်းတွေလိုက်ဖော်ပေးရမှာ၊ရေတွေမဝပ်မအိုင်အောင်မြောင်းဖော်ပေးရမှာဖြစ်သလို အမှိုက် ပစ်တဲ့ကိစ္စ နဲ့ အထက်ချောင်းအပေါ်မှာ ရွှေတူးတဲ့ ကိစ္စတွေ ၊ ချောင်းဘေးတွေမှာ အိမ်ဆောက်တဲ့ ကိစ္စတွေ အဲ့တာတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်း ပေးမှ အဆင် ပြေနိုင်မှာ အခုလုပ်ပုံက အနာတစ်ခြားဆေးတစ်ခြားလို့ မြင်တယ် ” ဟု တာချီလိတ်မြို့မိမြို့ဖခံတစ်ဦး ကဝေဖန် ပြောဆိုသည်။
No photo description available.
တာချီလိတ် မြို့နယ် စည်ပင်သာယာရေးဌာနမှ အဆိုပါတံတားငယ်( ၁၄ )စင်း ကို ၃ လအတွင်းအပြီးတည်ဆောက်မည်ဖြစ်ပြီး မြို့တွင်းဖြတ်သန်းစီးဆင်းနေသော ရေချောင်းများကိုလည်းလက်ရှိ ဆယ်ယူရှင်းလင်းနေကြောင်းသတင်းထုတ်ပြန်ထားသည်။
“ မယ်ဆိုင်ချောင်း ပေါ်မှာ ၂ နိုင်ငံလုံးက တိုးချဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေရှိတယ် အဲ့တာကြောင့်လဲ ချောင်းကမူလထက် ရေစူးတိမ်လာသလို ကျဥ်းမြောင်းလာတယ်လေ အဲ့ဒီလိုကျဥ်းနေသမျှ ကြိုက်သလောက်လုပ် ရေကြီးနေဦးမှာပဲ ချောင်းကို ပြန်ချဲ့လို့ မရနိုင်တော့ရင် ရေစူး နက်အောင် တူးမှ အတော်သင့် ရေလျှံမှု ကို လျော့နဲ စေမှာပါ လျှောက်လုပ်နေမယ့်အစားထိရောက်တဲ့ လုပ်ဆောင်ချက်တွေအရင်စဥ်းစားဖို့လိုတယ် ” ဟု တာချီလိတ် မြို့ခံနောက်ထပ်တစ်ဦးကလည်းပြောသည်။
အဆိုပါ တံတားငယ်( ၁၄ )စင်းတည်ဆောက်ရန် လျာထားရာတွင် ပုန်းထွန်ရပ်ကွက် တွင် တံတား ( ၅ )စင်း၊ မကာဟိုခမ်းရပ်ကွက်တွင်တံတား ( ၄ ) စင်း၊ ရန်အောင်မြေရပ်ကွက်တွင် တံတား( ၂ ) စင်း၊ မယ်ခေါင်ရပ်ကွက်တွင်တံတား( ၂ )စင်း၊ ဆန်ဆိုင်း (ခ)ရပ်ကွက် တွင်တံတား ( ၁ )စင်း ဟူ၍ စုစု ပေါင်း တံ တားငယ်(Slab Culvert)များ(၁၄)စင်းနှင့် ရေမြောင်း လုပ်ငန်း ( ၅ )ခုတို့အားစည်ပင်သာ ယာရေးဌာနမှ ၂၀၂၆ -၂၀၂၇ ခုဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
No photo description available.
တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာရခြင်းမှာ မယ်ဆိုင်ချောင်းတစ်လျှောက်တွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ အလွန်အကျွံ လုပ်ကိုင်လာခြင်းကြောင့် ဖြစ်သည်ဟုလည်းဒေသခံများနှင့် သတင်းရင်းမြစ်များက ဆိုကြသည်။
ရွှေတူးဖော်ခြင်းကရေကြီးမှုကိုဖြစ်စေသည့်အဓိကအ ကြောင်းရင်းများမှာရွှေတူးဖော်ရာတွင် ထွက်လာသည့် မြေစာများနှင့် နုန်းမြေများ ချောင်းအတွင်းသို့ စီးဝင်ကာ ချောင်းကို တိမ်ကောစေသည်။ ထို့ကြောင့် မိုးအနည်းငယ် ရွာရုံဖြင့် ချောင်းရေလျှံတက်လာတတ်သည် ဟုဆိုသည်။No photo description available.
“ ရွှေတူးတဲ့နေရာမှာ စက်ယန္တရားတွေနဲ့ အလွန်အ ကျွံ တူးဖော်ကြတာပေါ့ ၊ အဲ့ဒီအတွက်ဘေးထွက်ဆိုးကျိုးက ချောင်းဘေးတစ်လျှောက် မြေသားတွေ ပျက်စီးလာပြီး တောင်ကျရေကို ထိန်းနိုင်စွမ်းလျော့ နည်းသွားတယ် ၊ မြေဆီလွှာ ပျော့ပျောင်းလာပြီး မိုးရွာ တဲ့အခါ တောင်ကျရေနဲ့အတူ မြေစာပုံတွေ ဒလ ဟော စီးဆင်းလာပြီး ရေစီးကြောင်းတွေ ကို ပိတ်ဆို့စေတယ် ” ဟု သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်း ရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြော ဆို ထောက်ပြသည်။
ယင်းအခြေအနေများကြောင့် တာချီလိတ်မြို့ပေါ်ရှိ တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်းနှင့် ဆန်ဆိုင်း ကဲ့သို့သော အနိမ့်ပိုင်းရပ်ကွက်များတွင် နှစ်စဉ် ရေကြီးမှုဒဏ်ကို ပိုမိုခံစားနေရကြောင်းသိရသည်။