နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တအာင်းဒေသ နမ့်ဆန်မြို့မှာ စက်သုံးဆီ ပြတ်လပ်နေတာ တစ်ပတ်ကျော်ကြာရှိပြီဖြစ်

တအာင်းဒေသ နမ့်ဆန်မြို့မှာ စက်သုံးဆီ ပြတ်လပ်နေတာ တစ်ပတ်ကျော်ကြာရှိပြီဖြစ်

Hsan Loi Editor
01/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မှာ စက်သုံးဆီ ပြတ်လပ်နေသည်မှာ တစ်ပတ်ကျော်ကြာရှိပြီဖြစ်ပြီး ပြည်သူလူထုတွေ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံသတင်း ရင်း မြစ်မှ သိရပါသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လာပြီးနောက်ပိုင်း တိုက်ပွဲကြောင့် လမ်းမကြီးအတိုင်း သွားလာလို့မရသလို တံတားအများစုလည်း ဖျက်ဆီးခံရတဲ့အတွက်ကြောင့် စက်သုံးဆီများ သယ်ယူရာမှာ အခက်အခဲဖြစ်ကြောင်းသိရသည်။

 

ဒါ့အပြင် ဒေသတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆီပန့်ဆိုင်များမှ ဓါတ်ဆီ၊ ဒီဇယ်ဆီများ ပြတ်လပ်သွားကာ ပြည်သူလူထုအနေနဲ့ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရပါသည်။

 

အချို့သော ဆီပန့်ဆိုင် ပိတ်ထားတာ (၁၅)ရက်ရှိပြီဖြစ်ကာ စက်သုံးဆီပြတ်လပ်မှုအပြင် မြို့တွင်းလျှပ်စစ်မီးပါ ပျက်တဲ့အတွက်ကြောင့် လက်ဖက်စက်ရုံများ နားထားရကြောင်း ဒေသခံများထံမှ သိရပါသည်။