နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ် အပါအဝင် ပြည်ထောင်စုဝန်ကြီး (၄) ဦးနှင့် ပြည်ထောင်စုအဆင့် ထိပ်ပိုင်းပုဂ္ဂိုလ်များအား စစ်ကောင်စီအနားပေး

တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ် အပါအဝင် ပြည်ထောင်စုဝန်ကြီး (၄) ဦးနှင့် ပြည်ထောင်စုအဆင့် ထိပ်ပိုင်းပုဂ္ဂိုလ်များအား စစ်ကောင်စီအနားပေး

Hsan Loi Editor
03/08/2023
Share:

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ စာရင်းစစ်ချုပ် ဦးတင်ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဒေါက်တာဌေးအောင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးလှမြင့်တို့အား ကျန်းမာရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီမှ အနားပေးခဲ့ကြောင်း ယနေ့သတင်းတွင် ဖော်ပြခဲ့သည်။

ဒါ့အပြင် ယခင်သျှမ်းပြည်နယ်ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဒေါက်တာကျော်ထွန်းအား နစက အဖွဲ့ဝင်အဖြစ်မှ နစက ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းရွေ့တာဝန်ပေးခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့၏ သက်တမ်း (၂) နှစ်ခွဲကျော်ကာလအတွင်း ယခုလို ထိပ်ပိုင်းရာထူးပေးထားသူများကို အပြောင်းအလဲပြုလုပ်လာခြင်းဖြစ်သည်။