နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ယာဥ်ရပ်နားခကို ငါးထောင်ကျပ်မှစနှစ်သောင်းကျပ်အထိကောက်ခွင့်ပြု ထားပြီး လိုင်စင်မဲ့ယာဥ်များ စီးလာပါက အရေးယူမည်ဟု ဆို

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ယာဥ်ရပ်နားခကို ငါးထောင်ကျပ်မှစနှစ်သောင်းကျပ်အထိကောက်ခွင့်ပြု ထားပြီး လိုင်စင်မဲ့ယာဥ်များ စီးလာပါက အရေးယူမည်ဟု ဆို

Hsan Loi Editor
05/11/2026
Share:
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ယာဉ်ရပ်နားခများကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်း ပြုမည်မဟုတ်ကြောင်း ပွဲစီစဥ်သူ များထံမှသိရသည် ။
May be an image of fire, crowd and fireworks
ပွဲတော်ကာလအတွင်း ယာဉ်ရပ်နားခများကို ဆိုင်ကယ်တစ်စီး ၅၀၀၀ ကျပ်၊ တစ်တန်အောက် ကားငယ်တစ်စီး ၁၀၀၀၀ ကျပ်၊ တစ်တန်အထက် ကားကြီး တစ်စီးလျှင် ၂၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ပွဲတော်ကျင်းပရေးကော်မတီ၏ သတ်မှတ် နှုန်း ထားအတိုင်း မကောက်ခံပဲ ပိုမိုကောက်ခံပါက တိုင် ကြားနိုင် သည့်တဲ့ Hot Line ဖုန်နံပါတ်ထားရန်လည်း ညွှန်ကြားထားကြောင်းသိရသည်။
May be an image of camel
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ယာဉ်ရပ်နားစခန်း ၄ ခုရှိမည်ဖြစ်ပြီး ၄င်းနေရာများမှာ မီးပုံးပျံလွှတ်ကွင်းအရှေ့ဘက် မြေနေရာ၊ တောင်ကြီးတက္က သိုလ်နှင့် မီးပုံးပျံကွင်း အဝင်လမ်းဘေးရှိ မြေနေရာ၊ ဧရာဝတီလမ်းဆုံ နေရာနှင့်မီးပုံးပျံကွင်းအဝင် သံ လမ်း ဆုံစသည့် နေရာများဖြစ်ကြောင်းသိရသည်။
May be an image of one or more people and crowd
ထို့အပြင် လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင် ကယ်များအား လုံးဝ(လုံးဝ) မောင်းနှင်စီးနင်းခွင့်မပြု ကြောင်းနှင့် မောင်းနှင်စီးနင်းသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ခံရမည်ဖြစ်ကြောင်း ပွဲတော်လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီကအသိပေး ထုတ်ပြန်ထား သည်။
၄င်းအပြင်ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရေးတို့အတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
ယခုနှစ် တန်ဆောင်တိုင်အတွင်း လွှတ်တင်ယှဉ်ပြိုင်မည့် မီးပုံးပျံအရေအတွက် များပြားလာခြင်းကြောင့် ပွဲတော်ဖွင့်ပွဲကို မူလသတ်မှတ်ထားသည့် နိုဝင်ဘာ ၁၈ ရက်အစား နိုဝင်ဘာ ၁၆ ရက်သို့ နှစ်ရက်စော၍ ပြောင်းလဲကျင်းပမည် ဖြစ်ကြောင်း သိရသည်။
May be an image of text
မီးပုံးပျံပြိုင်ပွဲများကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်း ပမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။သို့သော် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲများကို ပွဲတော်ဖွင့်ပွဲမတိုင်မီ နိုဝင်ဘာ ၁၃ ရက်မှစတင်၍ လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်မီးပုံးပျံ ၄၄၉ လုံးနှင့် ညလွှတ်မီးပုံးပျံ ၁၁၂ လုံး၊ စုစု ပေါင်း မီးပုံးပျံ ၅၆၁ လုံး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။