နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ညောင်ရွှေမှာ ဖောင်တော်ဦးပွဲစျေးလာရောင်းတဲ့ လူငယ်စျေးသည်တစ်ဦး ရေဆင်းကူးရာမှ ရေနှစ်သေဆုံး

ညောင်ရွှေမှာ ဖောင်တော်ဦးပွဲစျေးလာရောင်းတဲ့ လူငယ်စျေးသည်တစ်ဦး ရေဆင်းကူးရာမှ ရေနှစ်သေဆုံး

Hsan Loi Editor
23/10/2026
Share:

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ရှိ နန်းကတ်ချောင်းအတွင်းသို့ ဖောင်တော်ဦးဘုရားပွဲစျေးလာရောင်းတဲ့ လူငယ်စျေးသည်တစ်ဦး ရေဆင်းကူးရာမှ ရေနှစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

No photo description available.
ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် မွန်းလွဲပိုင်း ၂ နာရီက ညောင်ရွှေမြို့ရှိ တိန်းနန်းတံတားအောက်ဘက် နန်းကတ်ချောင်းအတွင်းသို့ ပွဲစျေးလာရောင်းတဲ့ကလေး ရေဆင်းချိုးရာ အရှေ့ကမ်း အနောက်ကမ်းသို့ ကူးခတ်ရာမှ ရေနှစ်သွားခဲ့တာလို့ ဒေသခံများထံမှ သိရပါတယ်။

May be an image of swimming
“ ညောင်ရွှေပွဲစျေးလာတဲ့ ဧည့်သည်ကလေး ၅ ယောက်ရေဆင်းကူးပြီး တစ်ယောက်က ရေနှစ်သေဆုံးသွားတာပါ၊ ဆုံးသွားတဲ့ကလေးက အမျိုးသားပဲ အသက် ၁၉ နှစ်အရွယ်လောက်ပဲရှိဦးမယ် ၊ ရေကူးရင် အမောဆို့သွားလို့ မြုပ်သွားတာထင်တယ် ”လို့ ဆိုပါတယ်။

May be an image of swimming, fishing and body of water
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်ကလည်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ မြေနီကုန်းကျေးရွာ အနီးမှာ ဘုရားဆွဲလှေပေါ်မှ ရေထဲပြုတ်ကျပြီး လယ်သစ်အောက်ရွာမှ G-12 ကျောင်းသား ရေနှစ်သေဆုံးတဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။