နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ညောင်ရွှေမြို့နယ် တိုက်ပွဲအတွင်း PNO စခန်း နှစ်ခုသိမ်းပိုက်ရရှိပြီး ပြည်သူ့စစ် (၁၅)ဦး ထက်မနည်းသေဆုံးဟုဆို 

ညောင်ရွှေမြို့နယ် တိုက်ပွဲအတွင်း PNO စခန်း နှစ်ခုသိမ်းပိုက်ရရှိပြီး ပြည်သူ့စစ် (၁၅)ဦး ထက်မနည်းသေဆုံးဟုဆို 

Hsan Loi Editor
23/07/2024
Share:

 

သျှမ်းပြည်‌တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့ စစ် စခန်းနှစ်ခု သိမ်းပိုက်ရရှိပြီး ပြည်သူ့စစ် ၁၅ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းများ ရရှိကြောင်း ကရင်နီတော်လှန်ရေးအင်အားစု ထံမှ သိရသည်။

 

“ ညောင်ရွှေမြို့နယ်မှာရှိတဲ့ လွယ်လုံကျေးရွာအနီး PNO စခန်းနှစ်ခုကို ဇူလိုင် ၁၈ ရက်က သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ကြီး/ငယ် ၁၀လက်ကျော်ရတယ်” ဟု ကရင်နီတော်လှန်ရေးအင်အားစု သတင်းရင်းမြစ်မှ သိရသည်။

 

ညောင်ရွှေမြို့‌တောင်ဘက်ခြမ်းရှိ စံကား‌အင်းဒေသနှင့် ဆည်ခေါင်းကျေးရွာ တို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဇူလိုင် ၂၀ ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

 

စံကားအင်းဒေသမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတိုင်းရင်းသားများ တစ်သောင်းကျော် ဘေးလွှတ်ရာသို့ စစ်ရှောင်ကြကြောင်း သိရပါသည်။