နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဆီဆိုင်မြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီ၊ PNOပြည်သူ့စစ်နဲ့ PNLA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီး ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ

ဆီဆိုင်မြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီ၊ PNOပြည်သူ့စစ်နဲ့ PNLA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီး ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ

Hsan Loi Editor
18/01/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီ၊ PNOပြည်သူ့စစ်နဲ့ PNLA တို့ နေ့စဉ် နှစ်ဖက်တိုက်ပွဲ ပြင်းထန်‌နေပြီး ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

ယမန်နေ့ ဇန်နဝါရီလ(၁၇)ရက်နေ့က စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က စစ်ကြောင်းလေးကြောင်း အင်အား ၅၀၀ ကျော်ဖြင့် ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာအနီးနဲ့ ဖြီကျွတ်ရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ် ဘက်မှ ၃၀ ကျော် ကျဆုံးတယ်လို့ PNLA က ယနေ့ ညနေမှာ ထုတ်ပြန်လာပါတယ်။

 

ဒါ့အပြင် ဖြီကျွတ်ကျေးရွာ အနီးမှာလည်း စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်း ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ဖက်မှ အင်အား (၁၀၀)ထက်မနည်းသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ယနေ့ ဇန်နဝါရီလ(၁၈)ရက်နေ့ မနက်မှာလည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဆီဆိုင်မြို့နယ် လွယ်ချယ်ကျေးရွာကို ၂ ကြိမ် တိုင်တိုင် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီမှ လက်နက်ကြီးများ၊ ဒရုန်းများ၊ တိုက်လေယာဥ်များ အသုံးပြု တိုက်ခိုက်နေခြင်းကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းပြည်သူ ထောင်နဲ့ ချီပြီး တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ(၁၂)ရက်က ဆီဆိုင်မြို့ နယ်၊ ထီစုံကျေးရွာမှာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် နဲ့ PNLA တို့ နှစ်ဖက်တိုက်ပွဲအတွင်း PNLA ဘက်မှ ရဲဘော် ၅ ဦး ဖမ်းဆီးခံရကာ PNO ဘက်မှ ဖမ်းဆီးရမိတဲ့ သုံ့ပန်း(၅)ဦးကို ဇန်နဝါရီလ (၁၃)ရက်နေ့ မနက်ပိုင်းမှာ နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။