နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားအလောင်း (၅၀) လောင်းနှင့်အတူ လက်နက်(၅၀) ရရှိခဲ့ဟု PNLA ထုတ်ပြန်လာ

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားအလောင်း (၅၀) လောင်းနှင့်အတူ လက်နက်(၅၀) ရရှိခဲ့ဟု PNLA ထုတ်ပြန်လာ

Hsan Loi Editor
31/01/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ+PNO ပူးပေါင်းအဖွဲ့နှင့် PNLA+PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၅၀)ဦး၏ အလောင်းနှင့်အတူ လက်နက်(၅၀) ကို သိမ်းဆည်းရရှိခဲ့ကြောင်း PNLA က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဆီဆိုင်မြို့ မြောက်ဘက်ပိုင်းတွင် သေဆုံးနေသော စစ်ကောင်စီတပ်သားများ၏ အလောင်းများအား စစ်ကောင်စီဘက်က ပြန်လာကောက်ခြင်းမပြုသည့်အတွက် PNLA က မြုပ်နှံသဂြိုလ်ပေးခဲ့ရသည်ဟုဆိုသည်။

 

လက်ရှိအချိန်အထိ ဆီဆိုင်မြို့အတွင်းကို စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းဗုံး၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေပြီး ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာဘုန်းကြီးကျောင်း ဗုံးထိမှန်ပြီး ပျက်စီးသွားပြီဟု သိရသည်။