နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် ပြောင်းချိုးနေသည့် သားအမိ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် ပြောင်းချိုးနေသည့် သားအမိ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

Hsan Loi Editor
03/12/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ နောင်ရင်းကျေးရွာတွင် ဒီဇင်ဘာလ(၂)ရက် နံနက် (၁ဝး၀၀)နာရီအချိန်က စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် တောင်ယာခြံထဲ ပြောင်းချိုးသွားနေသည့် သားအမိ ၂ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA ထံမှ သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြောင်းခြံအတွင်းရှိမိခင်နှင့် ၂ နှစ်အရွယ်ကလေးသည် နေရာတွင်ပင် သေဆုံးပြီး ၎င်းအမျိုးသားဖြစ်သူမှာ ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ PNO ပြည်သူ့စစ်သည် လက်ရှိအချိန်တွင် ပအိုဝ်းဒေသအားကျူးကျော်ကာ ပအိုဝ်းကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း PNLA က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၃၀)ရက် နံနက်ပိုင်းကလည်း မောက်မယ်မြို့နယ် ဟိုနမ့်ဒေသရှိ ပအိုဝ်း‌ရွာ ၂ ရွာအား စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးကြောင်း သိရသည်။