နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဆီဆိုင်တွင် လက်နက်ကြီးမထိမှန်သည့်နေအိမ်များအားလုံးနီးပါး ဖောက်ထွင်း ဖျက်ဆီးခံရ ဟု ဒေသခံများပြော

ဆီဆိုင်တွင် လက်နက်ကြီးမထိမှန်သည့်နေအိမ်များအားလုံးနီးပါး ဖောက်ထွင်း ဖျက်ဆီးခံရ ဟု ဒေသခံများပြော

Hsan Loi Editor
05/04/2024
Share:

 

သျှမ်းတောင်ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ကာလ အတွင်း ဆီဆိုင်မြို့ထဲ လက်နက်ကြီးထိမှန်မှုမရှိသည့်နေအိမ်များလည်း အားလုံးနီးပါး ဖောက်ထွင်း ဖျက်ဆီးခံထားရ ကြောင်း ဒေသခံများထံမှ သိရသည် ။

 

“ အပြင်ကကြည့်ရင် မီးမလောင်ဘူးလို့ထင် ရတဲ့ အိမ်မှန် သမျှ အထဲမှာ အကုန်ဖျက်ဆီးခံထားရတာ အိမ်ထဲကရောင်းလို့ရတဲ့ပစ္စည်းတွေတန်ဖိုးရှိ ပစ္စည်း တွေဘာမှ မရှိတော့ဘူး ကြမ်းခင်းတွေ ၊ မျက်နှာ ကျတ်တွေပါ ဆွဲခွာထားတယ် ဒါ ကျွန်တော့် တစ်အိမ်ထဲမဟုတ်ဘူး ၊ အိမ်တိုင်းနီးပါးပဲ ” ဟု ဆီဆိုင်နယ်ခံ တစ်ဦးက ပြောသည် ။

 

ပြီးခဲ့သည့်ရက်ပိုင်းက ဆီဆိုင်မြို့အတွင်း ပစ္စည်း ပြန်သယ်သည့် ဆီဆိုင်ဒေသခံ များက စစ်ကောင်စီထံ တွင် လက်မှတ်ဝင်ထိုး ပြီးမှသာ ပစ္စည်းပြန်ယူခွင့်ရှိကြောင်း သိရသည် ။

 

” အိမ်တွေထဲဝင်နေထားပြီး စိတ်ကြိုက်မွေနှောက် ဖျက်ဆီး ထားတာကျွန်တော်တို့ ကိုယ့်ပစ္စည်းကိုယ် ပြန်ဝင်ယူရတဲ့အချိန်အိမ်ကဘာမှကို မကျန်အောင်ပဲ ပျက်ဆီးပြီး လူနေလို့လဲ မရတော့ဘူး လက်နက်ကြီးထိထားတာမဟုတ်ဘူး ဘာမှ မကျန်အောင်ခိုးခံရတာ စီးပွား ဖြစ်ခိုးသွားကြတာ ” ဟု ဆီဆိုင်နယ်ထံ တစ်ဦးကလည်းထပ်မံ ပြောဆိုသည် ။

 

ဆီဆိုင်မြို့နယ် တိုက်ပွဲ စတင်ဖြစ်ပွားရာ ပထမ ပါတ်ကစ၍ ဆီဆိုင်မြို့ထဲ ဖုန်းဆိုင်များ ၊ ရွှေဆိုင်များ စတင်ဖောက်ထွင်းခံရပြီး နောက်ပိုင်းတွင် လက်နက် ကြီးမထိမှန်မပျက်စီးသေးသည့် နေအိမ်အားလုံးနီးပါး ဖောက်ထွင်းဖျက်ဆီးခံ ရထားကြောင်း သိရသည် ။

 

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် နှစ်လကျော်ကာလ အတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် လူနေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှု ၆၀၀ နီးပါး ရှိပြီးအဆောက်အဦး ထိခိုက်ပျက်စီးမှု၏ ၉၀ ရာခိုင်နှုန်း သည် လေကြောင်းဗုံးကြဲ ၊ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက် ခြင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့်ဖြစ်သည်ဟု PYO ကထုတ်ပြန်ထားသည့်စစ်တမ်းများအရ သိရသည် ။