ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့နေတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်

ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့နေတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်

Hsan Loi Editor
07/05/2026
Share:
လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်နဲ့ NLD ပါတီ သတင်းရင်းမြစ် ထံမှ သိရပါတယ်။
NLD အစိုးရလက်ထက်က ကရင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒေါ်နန်းခင်ထွေးမြင့် ဟာ ဘားအံအကျဥ်းထောင်အတွင်း ယနေ့ မေလ ၇ ရက်မှာ ကွယ်လွန်သွားပြီလို့ စစ်အုပ်စုထောက်ခံ တယ်ရီဂရမ်ချန်နယ်မှာ ရေးသားမျှဝေထားတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘားအံဆေးရုံကြီးမှာ ဆေးတက်ရောက် ကုသနေတဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်(အန်တီနန်း)ရဲ့ ရုပ်သံဖိုင် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာပြီးတဲ့နောက် ယခုလို ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအမှားထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နန်းခင်ထွေးမြင့် ဟာ အာရုံကြော အားနည်းရောဂါ၊ အူရောင်ငန်းဖျားနဲ့ အာဟာရချို့တဲ့ တဲ့ဝေဒနာတွေကြောင့် ပြီးခဲ့တဲ့ သင်္ကြန်ကာလမတိုင်ခင် ရှေ့ရက်က ဘားအံဆေးရုံကြီးမှာ ဆေးကုသခံယူခဲ့ပြီး အကျဥ်းထောင်သို့ ပြန်လည်ပို့ဆောင်လိုက်တာဖြစ်တယ်လို့ ကရင်ပြည်နယ်ကလာတဲ့ သတင်းရင်းမြစ် အရ သိရပါတယ်။
ဆေးရုံမှာ ဆေးတက်ရောက်ကုသရပေမယ့် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ကျန်းမာရေး ဆိုးရွားနေတာမဟုတ်ဘူးလို့ သိရပါတယ်။
အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့် ဟာ စစ်အုပ်စုက အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှုအပါအဝင် ပုဒ်မပေါင်းများစွာနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် ၇၇ နှစ်အထိ ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်နန်းခင်ထွေးမြင့် ဆေးရုံမှာ ဆေးကုသခံယူနေတဲ့ ရုပ်သံဖိုင်ပေါက်ကြားလာတာနဲ့ ပတ်သက်ပြီး ဆေးရုံက ဝန်ထမ်းတွေ တာဝန်ကျအရာရှိတွေကို စစ်အုပ်စုက ခေါ်ယူစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။