နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စာမရသော ကျောင်းသူလေးအား ဒဏ်ရာပြင်းထန်စွာရသည်အထိ ဆရာမကရိုက်နှက်

စာမရသော ကျောင်းသူလေးအား ဒဏ်ရာပြင်းထန်စွာရသည်အထိ ဆရာမကရိုက်နှက်

Hsan Loi Editor
11/10/2023
Share:

 

သျှမ်းပြည်နယ် မိုင်းရှူးမြို့နယ်တွင် ဟိုနမ့်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော ကလေးငယ်တစ်ဦးအား စာမရသောကြောင့်ဟုဆိုကာ မျက်နှာတစ်ခုလုံးဖူးရောင်သည်အထိ ဆရာမက ရိုက်နှိက်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်တွင် အရိုက်ခံထားရသော ကျောင်းသူလေးသည် အရိုက်ခံထားရသော ဒဏ်ရာများကြောင့် အိပ်ရာထဲတွင် လဲနေရပြီး ဦးခေါင်းနာသည်ဟု အကြိမ်ကြိမ် ငြီးတွားလျက်ရှိကြောင်း သိရသည်။

ကလေးငယ်အား ရိုက်နှက်သော ဆရာမသည် ဆရာမနန်းနွန်းဖြစ်ပြီး ကျောင်းသူလေး စာဖြေချိန် ကြန့်ကြာသောကြောင့် ရိုက်နှက်သည်ဟုဆိုသည်။ ကျောင်းသူလေးအား ဒဏ်ရာပြင်းထန်စွာ ရိုက်နှက်ခဲ့သော ဆရာမအား သက်ဆိုင်ရာပညာရေးအဖွဲ့အစည်းက မည်ကဲ့သို့ အရေးယူမည်ကို မသိရသေးပါ။

ကျောင်းသား/သူများအား ဒဏ်ရာပြင်းထန်စွာ ရိုက်နှက်ခြင်းမပြုရန် တစ်ကမ္ဘာလုံးက ပညာရေးအဖွဲ့အစည်းများက တားမြစ်ထားသော်လည်း နှစ်စဉ်နှစ်တိုင်း ကျောင်းသား/သူများ ပြင်းထန်စွာ ရိုက်နှက်ခံရမှုများ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည်။