နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စဥ့်အင်ဖောင်ဆိပ်တွင် VIP ခေါင်းစဥ်ဖြင့် တစ်စီး ကျပ် (၅)သိန်း ပေးသော ကားများသာ ဦးစားပေး၍ ကမ်းကူးပေးနေ 

စဥ့်အင်ဖောင်ဆိပ်တွင် VIP ခေါင်းစဥ်ဖြင့် တစ်စီး ကျပ် (၅)သိန်း ပေးသော ကားများသာ ဦးစားပေး၍ ကမ်းကူးပေးနေ 

Hsan Loi Editor
05/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါ−လားရှိုးလမ်း စဥ့်အင်ချောင်း ဖောင်ဆိပ်ကူးရာနေရာသည် VIP ခေါင်းစဥ်ဖြင့် တစ်စီးကျပ်(၅)သိန်းပေးသော ကားများသာ ဦးစားပေး၍ ကမ်းကူးပေးနေကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။

 

“ကမ်းကူးဖို့ စောင့်နေရတာ အရမ်းကြာပြီ၊ ကိုယ်တက်မယ့်အလှည့်ရောက်မှ ဘုန်းကြီးက VIP ဆိုပြီး တရုတ်မိသားစုကားကို ပေးကူးလိုက်တာ၊ ပုံမှန်ကမ်းကူးခက (၂)သောင်းပေးရတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ စစ်ရှောင်တစ်ဦးထံမှ သိရသည်။

 

စစ်ရှောင်ပြည်သူများအနေဖြင့် စဥ့်အင်ဖောင်ဆိပ်လမ်းသာ သွားလို့ရပြီး လားရှိုး−စဥ့်အင်−ပန်ညု−နမ့်လန်− ကျောက်ဂူ−ဘန့်ဘွေး−ပြင်ဦးလွင်−မန္တလေးလမ်းအတိုင်း သွားလာနေကြကြောင်း လားရှိုးမြို့ခံ တစ်ဦးက Hsan Loi Voice သတင်းဌာနကို ပြောပါသည်။

 

လားရှိုးမြို့မှာ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး လူနေအိမ်ရပ်ကွက် တွေထဲ လက်နက်ကြီးနှင့် ရှော့တိုက်ဒုံးတွေကျရောက်မှု ပိုများလာကာ လားရှိုးမြို့ခံများ ဘေးလွှတ်ရာသို့ စစ်ရှောင်နေကြပြီး ယနေ့ဇူလိုင်လ(၅)ရက်နေ့မှာ စစ်ရှောင်ကား အများအပြား လားရှိုးမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။