နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စဉ့်အင်(ယာယီ)ချောင်းကူးတံတား တည်ဆောက်ပြီးစီး၍ လားရှိုး-သီပေါ လမ်းပိုင်း ဖြတ်သန်းသွားလာနိုင်ပြီ

စဉ့်အင်(ယာယီ)ချောင်းကူးတံတား တည်ဆောက်ပြီးစီး၍ လားရှိုး-သီပေါ လမ်းပိုင်း ဖြတ်သန်းသွားလာနိုင်ပြီ

Hsan Loi Editor
27/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သီပေါ လမ်းမကြီးပေါ်ရှိ စဉ့်အင်တံတား မိုင်းခွဲဖျက်ဆီးခံထားရခြင်းကြောင့် လားရှိုး-သီပေါ လမ်းပိုင်းကိုအသုံးမပြုနိုင်သည်မှာ လပိုင်းရှိနေပြီဖြစ်သည်။

စဉ့်အင်(ယာယီ) ချောင်းကူးတံတားအား ယနေ့ (၂၇.၁.၂၀၂၄) ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ အိမ်စီးကားများ၊ ခရီးသည်တင်ယာဉ်ငယ်များအား ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

သီ​ပေါဘက်မှလာပါက ယခင်စဥ့်အင်တံတားအနီးမှညာဘက် လမ်းအတိုင်း ၁၅မိနစ်ခန့် လားရှိုးဘက်မှလာလျှင်စဥ့်အင်ရွာအဝင်နတ်စင်​ညောင်ပင်အနီးမှဘယ်ဘက်သို့၁၅မိနစ်ခန့်
​မောင်းနှင်ပါက ယခု ယာယီတံတားထံရောက်ရှိမည်ဖြစ်သည်။

ယာယီတံတားအား SSPP အဖွဲ့က တည်ဆောက်ထားခြင်းဖြစ်ပြီး ယာဉ်ဖြတ်သန်းခကို ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။