နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်တပ်က အာဏာသိမ်းတဲ့ (၄)နှစ်အတွင်း စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် ဒီမိုကစီအရေးလှုပ်ရှားသူနဲ့ ပြည်သူပေါင်း (၆၂၃၉) ဦးအထိ သေဆုံးမှုရှိလာ

စစ်တပ်က အာဏာသိမ်းတဲ့ (၄)နှစ်အတွင်း စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် ဒီမိုကစီအရေးလှုပ်ရှားသူနဲ့ ပြည်သူပေါင်း (၆၂၃၉) ဦးအထိ သေဆုံးမှုရှိလာ

Hsan Loi Editor
01/02/2025
Share:

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့စပြီး အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းမှု ကြောင့် (၄)နှစ်တာ ကာလအတွင်း စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူပေါင်း (၆၂၃၉)ဦး သေဆုံးတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့ ဇန်နဝါရီလ(၃၁)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါ့အပြင် စစ်တပ်အာဏာသိမ်းဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း(၂၈၄၄၄)ဦး ရှိကာ (၂၁၇၂၂)ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူများအနက်မှ(၁၆၈)ဦးမှာ သေဒဏ်ချမှတ်ခံ ထားရတယ်လို့ ဖော်ပြထားပါတယ်။

 

သေဆုံးသူအရေအတွက်များသည် AAPP မှ လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာဖြစ်ပွားနေတဲ့ အခြေအနေအရ ယခုထက် ပိုမိုများနိုင်ပြီး သေဆုံးမှုများ အတည်ပြုရန် လိုအပ်နေတဲ့ အရေအတွက်က (၃၀၀၀)ဦးခန့် ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

စစ်တပ်က အာဏာသိမ်းတဲ့ဖြစ်စဥ်ကြောင့် နိုင်ငံတဝန်းလုံးက ပြည်သူများအားလုံး ဆင်းရဲဒုက္ခ မျိုးစုံ ခံစားနေရပြီး စစ်ကောင်စီရဲ့ နေ့စဥ်လေကြောင်းတိုက်ခိုက်မှုကြောင့် အပစ်မဲ့ပြည်သူများရဲ့ အသက် အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

 

Photo – ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ဒီမောဆိုရှိ စစ်ရှောင်ကလေးများရဲ့ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲပြီး သေဆုံးသွားတဲ့ ကလေးရဲ့ ကျောင်းလွယ်အိတ်