နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကော်မရှင်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ ရလဒ်အပေါ် အသိအမှတ်မပြုဘဲ ကန့်ကွက်ရန် နိုင်ငံတကာပါလီမန်များညီလာခံမှာ CRPH ကတောင်းဆို

စစ်ကော်မရှင်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ ရလဒ်အပေါ် အသိအမှတ်မပြုဘဲ ကန့်ကွက်ရန် နိုင်ငံတကာပါလီမန်များညီလာခံမှာ CRPH ကတောင်းဆို

Hsan Loi Editor
23/10/2025
Share:
ယခုနှစ်ကုန်ပိုင်းမှာ စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ ရလဒ်အပေါ် ကန့်ကွက်ပေးရေးနဲ့ အသိအမှတ်မပြုရန် (၁၅၁)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံ(IPU)နှင့် ဆက်စပ်အစည်းအဝေးများမှာ CRPH က တောင်းဆိုလိုက်တယ်ပါတယ်။
May be an image of studying
ဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အောက်တိုဘာလ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပြုလုပ်ခဲ့ပြီး ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ဒေါက်တာဝင်းမြတ်အေး နဲ့ ဒေါ်ဇင်မာအောင်တို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအား ကန့်ကွက်ရန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ ပဋိပက္ခဖြေရှင်းရေးနှင့် ရေရှည်တည့်တံ့သော အဖြေရှာခြင်းတွင် တော်လှန်ရေး အင်အားစုများ၏ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်များအပေါ် ထိရောက်တဲ့ ပံ့ပိုးကူညီမှုများ ရရှိရေးတို့ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။May be an image of text that says '1 MYANMAR'
“အကြမ်းဖက်စစ်တပ်က နယ်စပ်ဖြတ်ကျော်မှုခင်းတွေ၊ အွန်လိုင်းလိမ်လည်မှုတွေကနေ အကျိုးအမြတ် ရနေပါတယ်၊ စစ်အာဏာရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံခြင်းဟာ ဒေသတွင်းမှာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ကျားဖြန့်စင်တာတွေကို တရားဝင် ရပ်တည်နိုင်အောင် ကူညီလုပ်ဆောင် တာနဲ့ အတူတူပဲဆိုတာကို နိုင်ငံတကာကို သိစေချင်ပါတယ်” လို့ ဒေါက်တာဝင်းမြတ်အေး က ညီလာခံ မှာ ပြောဆိုသွားပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံ မှ နိုင်ငံတော်အဆင့်မြင့် လွှတ်တော်များဖြင့် ဖွဲ့စည်းထားပြီး CRPH ကို IPU ၏ အဓိက ဆွေးနွေးဖက်မိတ်ဖက်အဖြစ် ယနေ့အထိ ဆက်လက်အသိမှတ်ပြုထားဆဲဖြစ်တယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။