နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှ ပြည်သူ ၁၃ ဦး သေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှ ပြည်သူ ၁၃ ဦး သေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိ

Hsan Loi Editor
05/08/2024
Share:

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာကို ယမန်နေ့ ဩဂုတ်လ (၄)ရက် မွန်းလွှဲပိုင်းအချိန်တွင် စစ်ကောင်စီက အတွဲလိုက်ဗုံးသီး (Cluster Bombs)အသုံးပြုပြီး လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး(၂)ဦးအပါအဝင် ပြည်သူ(၁၃)ဦးသေဆုံးပြီး (၁၉)ဦး ဒဏ်ရာရခဲ့ကြောင်း MDY-PDF က သတင်းထုတ်ပြန်ထားပါသည်။

 

ထို့အပြင် ဩဂုတ်လ(၄)ရက် မွန်းလွဲ ၃ နာရီခွဲခန့်အချိန်တွင် စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၀ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်က ပြည်သူများအတွက် လေကြောင်းအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်များကို ထုတ်ပြန်ထားပြီး လိုက်နာကျင့်သုံးကြရန် MDY-PDF က သတင်းထုတ်ပြန်ထား‌ကြောင်းသိရသည်။