နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီလက်အောက်ခံPNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ၊ တွေပူးကျေးရွာ ရွာသူကြီးကို ဖမ်းဆီး

စစ်ကောင်စီလက်အောက်ခံPNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ၊ တွေပူးကျေးရွာ ရွာသူကြီးကို ဖမ်းဆီး

Hsan Loi Editor
09/12/2024
Share:

 

ရှမ်ပြည်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ် ထဲက ရွာသူကြီး တစ်ဦးကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်ကဒီဇင်ဘာ ၇ ရက် ညကဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ PNLA သတင်းနှင့်ပြန် ကြားရေး ကထုတ်ပြန်ထားပါ ။

 

PNOပြည်သူ့စစ်အဖွဲ့က ဆီဆိုင် ၊ တွေပူးကျေးရွာ ရာသူကြီး ဖြားဒုံးကျော်ကိုနေအိမ်ပေါ်ထိ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုနဲ့ အဆက် အသွယ်မရသေးဘူးလို့ သိရပါတယ် ။

 

ဖမ်းဆီးခံရတဲ့ တွေပူးကျေးရွာ ရွာသူကြီး ဖြားဒုံးကျော်ဟာ ပအိုဝ်းဒေသမှာ ဒီမိုကရေစီနည်းကျကျ မဲပေး ရွေးချယ်ထားတဲ့ ရပ်ရွာခေါင်း ဆောင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးတဲ့အတွက်အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကပြောပါတယ် ။

 

ရွာသူကြီး ဖြားဒုံကျော်ကို PNO ပြည်သူ့စစ်က ဘယ်နေရာမှာ ဖမ်းဆီးသွားတာမငိတဲ့အတွက် ဒေသခံပြည်သူတွေ ကလည်း လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ် ။

 

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ကလည်း တွေပူးကျေးရွာကို စစ်ကောင်စီနဲ့လက်အောက်ခံ PNOပြည်သူ့စစ်က လက်နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာနေ ကျောင်းသူတဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ။

 

Photo – PNO ပြည်သူ့စစ်ပုံဟောင်း