နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီမှ အကျဉ်းသား (၇၀၀၀) ဦး ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေး ဆရာမဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးတို့အပြင် NLD အစိုးရလက်ထက်က သာသနာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် သူရဦးအောင်ကိုလည်း ပြန်လည်လွတ်မြောက်

စစ်ကောင်စီမှ အကျဉ်းသား (၇၀၀၀) ဦး ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေး ဆရာမဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးတို့အပြင် NLD အစိုးရလက်ထက်က သာသနာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် သူရဦးအောင်ကိုလည်း ပြန်လည်လွတ်မြောက်

Hsan Loi Editor
04/01/2023
Share:

 

ယနေ့ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မှာ နိုင်ငံတဝှမ်း အကျဉ်းထောင်များက အကျဉ်းသူ၊ အကျဉ်းသား ၇,၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းတို့အထဲတွင် ပရဟိတလုပ်ငန်းများဖြင့် နာမည်ကြီးခဲ့သည့် ဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးတို့အပြင် NLD အစိုးရလက်ထက်က သာသနာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် သူရဦးအောင်ကိုလည်း ပြန်လည်လွတ်မြောက်လာသည်။

ဝန်ကြီးဟောင်း သူရဦးအောင်ကိုသည် စစ်ကောင်စီမှ ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံထားရသူတစ်ဦး ဖြစ်သည်။

သို့သော် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ပြစ်ဒဏ်လျော့ပေါ့ပေးသည့် အမှုစာရင်းထဲ၌ နွေဦးတော်လှန်ရေး ကာလအတွင်းဖမ်းခံရသူများကို အများဆုံးစွဲဆိုခံရသည့် ပုဒ်မများ ပါဝင်ခြင်းမရှိကြောင်းလည်း တွေ့ရသည်။

 

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/