နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီနှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့နယ် ကုန်းသာရွာရှိ နေအိမ် (၁၄) လုံး ထိခိုက်ပျက်စီးခဲ့

စစ်ကောင်စီနှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့နယ် ကုန်းသာရွာရှိ နေအိမ် (၁၄) လုံး ထိခိုက်ပျက်စီးခဲ့

Hsan Loi Editor
29/11/2022
Share:

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာရွာတွင် နိုဝင်ဘာလ (၂၅) ရက်နေ့က စစ်ကောင်စီတပ်နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကုန်းသာရွာရှိ ဒေသခံများ သီပေါမြို့နှင့် ဘော်ကြိုဘုရားကျောင်းသို့ ခေတ္တထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

နိုဝင်ဘာလ (၂၆) ရက်နေ့တွင် စစ်ဘေးရှောင် (၄၈၁)ဦး ရှိခဲ့ပြီး ယနေ့မှာတော့ တိုက်ပွဲပြန်လည်ငြိမ်သက်သွားပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများ မိမိနေအိမ်ကို ပြန်နေကြပြီဖြစ်သည်။

သို့သော် တိုက်ပွဲကြောင့် လက်နက်ကြီးလက်နက်ငယ်ကျည်များထိပြီး ထိခိုက်ပျက်စီးသွားသည့် ကုန်းသာရွာမှ နေအိမ် (၁၄) လုံးကတော့ ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း သိရသည်။ နေအိမ်များကို ကျည်ထိပြီး သွပ်မိုးပေါက်ခြင်း၊ နေအိမ်အတွင်းရှိ ပစ္စည်းများ ထိခိုက်ပျက်စီးခြင်း၊ မီးကြိုးများ ပျက်စီးခြင်းနှင့် နေအိမ်နံရံများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/