နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီနှင့် MNDAA တို့ (၂၃)ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ကြေညာ

စစ်ကောင်စီနှင့် MNDAA တို့ (၂၃)ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ကြေညာ

Hsan Loi Editor
25/07/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA ပူးပေါင်းတပ်ဖွဲ့တို့ (၂၃) ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့ နံနက်(၄)နာရီခန့်အချိန်မှာ MNDAAတပ်မတော်မှ လားရှိုးမြို့အ‌ခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို လုံးဝ သိမ်းပိုက်နိုင်ခဲ့‌ကြောင်း MNDAA က ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်၊ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည် ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

 

လားရှိုးမြို့ (ရမခ)ဌာနချုပ်ကို သိမ်းပိုက်နိုင်မှုသည် တိုင်းရင်းသားတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်ကို ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါသည်။