နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ်ကြောင့် ကျောင်းဆရာ/ဆရာမများ နှင့် ကျောင်းသူကျောင်းသား (၄) ဦးခန့် သေဆုံးခဲ့ရပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်း (၁၁) ကျောင်းခန့်ပိတ်ထားခဲ့ရဟုဆို

စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ်ကြောင့် ကျောင်းဆရာ/ဆရာမများ နှင့် ကျောင်းသူကျောင်းသား (၄) ဦးခန့် သေဆုံးခဲ့ရပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်း (၁၁) ကျောင်းခန့်ပိတ်ထားခဲ့ရဟုဆို

Hsan Loi Editor
10/09/2023
Share:

 

ကရင်ပြည်နယ ဖာပွန်ခရိုင်တွင် KNU/KNLA တပ်မဟာ(၅) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စက်တင်ဘာလ (၇)ရက်နေ့က (၄)နေရာတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း KNU မှ သတင်းထုတ်ပြန်ထားသည်။

တပ်မဟာ (၅) အတွင်း စစ်ကောင်စီတပ်များသည် ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင်ရာ နေရာများအတွင်းသို့ လေကြောင်း တိုက်ခိုက်မှု (၈) ကြိမ်ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ကျောင်းသူကျောင်းသားများ ဆရာဆရာမများ (၄) ဦးခန့် သေဆုံးခဲ့ရပြီး (၇) ဦးခန့်ထိခိုက်ဒဏ်ရာခဲ့ရကာ ပြည်သူလူထုပိုင် နေအိမ် (၁၀) လုံး၊ ဘုရားရှိခိုးကျောင်း (၁) ကျောင်း၊ ဝတ်ပြုဆုတောင်းရာကျောင်းဆောင် (၁) ဆောင်တို့ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ကျေးရွာပေါင်း (၆) ရွာမှ အပြစ်မဲ့အရပ်သားပြည်သူများ အသက်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင် နေရပြီး စာသင်ကျောင်း (၁၁) ကျောင်းလည်း ပိတ်ထားခဲ့ရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း (၁) စောဖါးဒါး (၅၆)နှစ်(ကျောင်းဆရာ)၊ (၂) စောအယ်မူလား (၁၄)နှစ် (ကျောင်းသား)၊ (၃) နော်ထီးခူဖေါ (၁၆)နှစ်(ကျောင်းသူ) နှင့် (၄)စောဘိုကြီး (၁၃)နှစ် (ကျောင်းသား) တို့ (၄) ဦးမှာ သေဆုံးခဲ့ရပြီး (၁)နော်ဖေါစေးထူး (၁၄)နှစ် (ကျောင်းသူ)၊ (၂)နော်ဒါးဝါး (၁၁)နှစ်‌ (ကျောင်းသူ)၊ (၃)စောအယ်မူလာဝါး (၉)နှစ် (ကျောင်းသား)၊ (၄)စောအယ်နေထူး (၁၅)နှစ်(ကျောင်းသား)၊ (၅)နော်မူလာကပေါ် (၁၆)နှစ် (ကျောင်းသူ) နှင့် (၆)နော်ဒါး (၂၄)နှစ်(ကျောင်းဆရာမ)တို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မှ သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၅) နှင့် ပူးပေါင်းတပ်ဖွဲ့ များမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့ နံနက် (၅း၃၀) အချိန်တွင် ခေးပူအခြေစိုက်စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များမှ ဂျက်တိုက်လေယာဉ်များကို အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။