နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားလာမှုကြောင့် မင်းတပ်မြို့နယ်ါအတွင်း တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း CDF မှ သတိပေးထုတ်ပြန်

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားလာမှုကြောင့် မင်းတပ်မြို့နယ်ါအတွင်း တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း CDF မှ သတိပေးထုတ်ပြန်

Hsan Loi Editor
09/01/2023
Share:

 

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီမှ စစ်ကြောင်း(၂)ခုဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း CDF မင်းတပ်မှ သတိပေးထုတ်ပြန်ခဲ့သည်။

 

မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) ပူးပေါင်းစစ်ကြောင်း အင်အား (၁၀၀) ဦးခန့်သည် မင်းတပ်မြို့နယ် အနောက်ဘက် လီလောင်းကျေးရွာကတဆင့် တောင်ကြောများအတိုင်း စစ်ကြောင်းနှစ်ပိုင်းခွဲပြီး လှုပ်ရှားနေသလို အခြားစစ်ကြောင်းတစ်ခုလည်း မင်းတပ်မြို့နယ်တိုက်နယ်အမှတ်(၁)ရှိ ဝီလူးရွာသစ်နှင့်ပိန်ရိန်းရွာကြား စစ်ရေးလှုပ်ရှားနေကြောင်း ဖော်ပြထားသည်။

 

ထို့ကြောင့် မင်းတပ်မြို့နယ်ရှိ ပြည်သူလူထုများ အသွားအလာသတိထားရန်နှင့် တောင်ယာ၊ စိုက်ပျိုးရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရန် သတိပေးထုတ်ပြန်ထားသည်။

 

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီကင်းထောက်လေယာဉ်များ အဆက်အပြတ်ပျံသန်းမှုများ ပြန်လုပ်လျက်ရှိသလို တယ်လီဖုန်းလိုင်းများလည်း ဖြတ်တောက်ထားကြောင်း သတင်းရရှိသည်။