နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားပြီးနောက် TNLA အဖွဲ့က သျှမ်းရွာများဖြစ်သည့် ကုန်းဆာရွာနှင့် စေဟဲရွာတို့တွင် ဝင်ရောက်နေထိုင်မှုကြောင့် ဒေသခံပြည်သူလူထုများ အခက်တွေ့

စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားပြီးနောက် TNLA အဖွဲ့က သျှမ်းရွာများဖြစ်သည့် ကုန်းဆာရွာနှင့် စေဟဲရွာတို့တွင် ဝင်ရောက်နေထိုင်မှုကြောင့် ဒေသခံပြည်သူလူထုများ အခက်တွေ့

Hsan Loi Editor
03/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့တို့ (၁၆.၉.၂၀၂၃) ရက်နေ့မှ (၂၀.၉.၂၀၂၃) ရက်နေ့အထိ ဝိန်းနန်းကျေးရွာ၊ ဟိုပေါ့ကျေးရွာနှင့် ခိုးဝိန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

(၂၁.၉.၂၀၂၃) ရက်နေ့မှ (၂၆.၉.၂၀၂၃) ရက်နေ့အထိလည်း စစ်ကောင်စီတပ်မှ လွယ်တေးမိန်းတောင်အနီးတစ်ဝိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခဲ့ကြောင်း သိရသည်။

“ တိုက်ပွဲကတော့ စက်တင်ဘာလ (၁၆) (၁၇) လောက်ကတည်းက စဖြစ်တာပေါ့နော်။ တိုက်ပွဲတစ်ပတ်လောက်ဖြစ်ပြီး စစ်ကောင်စီအဖွဲ့က TNLA အဖွဲ့ရဲ့ တပ်စခန်းနေရာတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောတယ်။ TNLA စခန်းတွေရှိနိုင်တဲ့နေရာတွေကို စစ်တပ်ဘက်က နေ့တိုင်းလက်နက်ကြီးတွေနဲ့ပစ်နေတော့ ဒေသခံတွေကကြောက်ပြီး ထွက်ပြေးတိမ်းရှောင်ထားရတာပေါ့။ အခုဆိုရင် TNLA တွေက တပ်ဆုတ်ပြီး သျှမ်းရွာတွေဖြစ်တဲ့ ကုန်းဆာရွာနှင့် စေဟဲရွာတွေမှာ အင်အားပြန်စုနေတယ်။ ရွာထဲမှာဝင်နေပြီး ပြည်သူတွေအိမ်မှာ ထမင်းဟင်းဝင်ချက်နေကြတော့ ပြည်သူတွေက စိုးရိမ်ထိတ်လန့်နေကြတယ်” ဟု မူဆယ်ဒေသခံ သျှမ်းလူငယ်တစ်ဦးက ပြောပြသည်။

(၂၈.၉.၂၀၂၃) ရက်နေ့မှ (၂.၁၀.၂၀၂၃) ရက်နေ့အထိ TNLA အဖွဲ့က ကုန်းဆာရွာနှင့် စေဟဲရွာတို့တွင် အင်အားပြန်လည်စုစည်းနေပြီး ကျေးရွာအတွင်း ကတုတ်ကျင်းများဝင်ရောက်တူးထားကြောင်း ဒေသခံများကပြောပြသည်။ ကျေးရွာသူကျေးရွာသားများကလည်း ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်ထားရသည်ဟုဆိုသည်။