နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဆီဆိုင်မြို့နယ်တွင် တစ်နှစ်အရွယ်ကလေးငယ်နှင့်အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့

စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဆီဆိုင်မြို့နယ်တွင် တစ်နှစ်အရွယ်ကလေးငယ်နှင့်အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့

Hsan Loi Editor
18/02/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများထံ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ယမန်နေ့ည(၉)နာရီခန့်က စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် ဒေသခံအမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

 

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဘန်းယဉ်ကျေးရွာအုပ်စု ထမ်းယံကျေးရွာက ကလေးငယ်အား ကျည်စများထိမှန်ပြီး သေဆုံးခဲ့ရသလို ကလေးငယ်၏ မိဘများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

 

“တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲ စစ်တပ်ဘက်ကနေ တစ်ဖက်သတ် လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်တိုက်ခိုက်တာပါ။ ကျောင်းချယ်နဲ့ နမ့်ဟူးရွာကြားက တောင်ကုန်းပေါ်ကနေပစ်တာ ည(၉)နာရီလောက်မှပစ်တာ အလုံး(၄၀)ကျော်လောက်ရှိတယ်။ ထမ်းယံထီတမ်ရွာနဲ့ ထမ်းယံအပေါ်ရွာထဲကို လက်နက်ကြီးတွေကျတယ်။ ထမ်းယံရွာက ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိပြီးသေသွားတယ်။ ကလေးအဖေလည်း တော်တော်ထိသွားတယ်။” ဟု ဘန်းယဉ်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက အတည်ပြုဖြေကြားခဲ့သည်။

 

ယနေ့အထိ ဆီဆိုင်မြို့နယ်အား PNLA + PDF တို့က သိမ်းပိုက်ထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်နှင့် PNA တပ်တို့က ဆိုက်ခေါင်ရွာအထိ နေရာယူထားကာ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့အား ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။