နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီခေါင်းဆောင်နှင့် KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ဟုဆို

စစ်ကောင်စီခေါင်းဆောင်နှင့် KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ဟုဆို

Hsan Loi Editor
30/09/2023
Share:

 

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးတို့သည် ယနေ့ (၃၀.၉.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

ထို့သို တွေ့ဆုံမှုတွင် စစ်ကောင်စီဘက်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ပါဝင်တက်ရောက်ခဲ့သည်။ KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးနှင့်အတူ KNU ဗဟိုကော်မတီဝင်ဟောင်းများဖြစ်ကြသည့် စောရော်ဂျာခင်၊ ကော့ကရိတ်ခရိုင်ဥက္ကဌ ပဒို‌ စောရွှေမောင်းတို့ တက်ရောက်ခဲ့သည်။

 

တွေ့ဆုံမှု၏ အသေးစိတ်ဆွေးနွေးမှုကို မသိရသော်လည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ကရင်ခေါင်းဆောင်ဘက်မှ လာရောက်တွေ့ဆုံနူတ်ဆက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။