နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီက ထိုင်းနိုင်ငံပိုင်နက်ထဲသို့ လေယာဉ်ဖြင့် ကျူးကျော်ဝင်ရောက်ပြီး KNLA နယ်မြေထဲသို့ ဗုံးကြဲချမှုကြောင့် ထိုင်းစစ်တပ်က လေယာဉ်ပစ်အမြောက်များကို နယ်စပ်သို့ ပြောင်းရွှေ့အသင့်ပြင်ထားဟုဆို

စစ်ကောင်စီက ထိုင်းနိုင်ငံပိုင်နက်ထဲသို့ လေယာဉ်ဖြင့် ကျူးကျော်ဝင်ရောက်ပြီး KNLA နယ်မြေထဲသို့ ဗုံးကြဲချမှုကြောင့် ထိုင်းစစ်တပ်က လေယာဉ်ပစ်အမြောက်များကို နယ်စပ်သို့ ပြောင်းရွှေ့အသင့်ပြင်ထားဟုဆို

Hsan Loi Editor
21/04/2025
Share:

 

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် Baan Phu Nam Rorn အနီးတွင် ယနေ့ဧပြီလ ၂၁ ရက်နေ့ မွန်းလွှဲပိုင်းအချိန်တွင် စစ်ကောင်စီက ထိုင်းပိုင်နက်ထဲသို့ လေယာဉ်ဖြင့် ကျူးကျော်ပျံသန်းပြီး KNLA နယ်မြေထဲသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

 

စစ်ကောင်စီ၏ ဗုံးကြဲလေယာဉ်ကို ထိုင်းနယ်စပ်နှင့် ထိုင်းနိုင်ငံပိုင် လေပိုင်နက်အတွင်းသို့ ဗုံးမကြဲချရန် အကြိမ် ကြိမ် သတိပေးထားပြီး စစ်ကောင်စီ လေယာဉ်က ၎င်းသတိပေးချက်များကို လျစ်လျူရှု့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထိန်းချုပ်နယ်မြေရှိ တပ်စခန်းများသို့ ဗုံး(၁၀)လုံး ကြဲချတိုက်ခိုက်သွားကြောင်း ထိုင်းအခြေစိုက် Khaosod Engilsh သတင်းက ရေးသားဖော်ပြထားပါသည်။

 

ယခုအခါ ထိုင်းစစ်တပ်က ၎င်း၏ လေပိုင်နက်ကာကွယ် ရေးအတွက် မြန်မာ-ထိုင်းနယ်စပ်သို့လေယာဉ်ပစ်အမြောက်များ ပြောင်းရွှေ့အသင့်ပြင်ထား‌ကြောင်းသိရပါသည်။

 

စစ်ကောင်စီတပ်က မြန်မာပြည်သူများကို နေ့စဉ်နှင့်အမျှ လေယာဉ်ဖြင့် ဗုံးကြဲသတ်ဖြတ်နေသည့် လုပ်ရပ်များကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ အာဆီယံဥက္ကဋ္ဌ တို့ နှုတ်ဆိတ်နေမှုအပေါ် ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေတစ်ဆင့် မေးခွန်းထုတ် ထားကြောင်း သိရပါသည်။