နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအာဏာ ထုတ်ပြန်ကြေညာပြီးနောက် TNLA ကလည်း ညမထွက်ရအမိန့် ပြန်လည်ရုတ်သိမ်းကြောင်း ထုတ်ပြန်လာ

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအာဏာ ထုတ်ပြန်ကြေညာပြီးနောက် TNLA ကလည်း ညမထွက်ရအမိန့် ပြန်လည်ရုတ်သိမ်းကြောင်း ထုတ်ပြန်လာ

Hsan Loi Editor
06/03/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းရှိ Operation 1027 စစ်ဆင်ရေးကာလအတွင်း TNLA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က သိမ်းပိုက်ရရှိထားသော နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့ နှင့် မိုင်းလုံမြို့များတွင် ညမထွက်ရအမိန့်အား ပြန်လည်ရုတ်သိမ်းကြောင်း TNLA က ယနေ့တွင် ထုတ်ပြန်သည်။

“ညမထွက်ရအမိန့်ကတော့ စစ်ကောင်စီက ကြေညာထားတာပေါ့။ ဒါပေမယ့် စစ်ကောင်စီက မြို့ထဲမှာမရှိတော့ဘူးဆိုတော့ ထွက်လည်းဘာမှတော့မဖြစ်ဘူးလေ။ မြို့ထဲမှာတော့ TNLA တပ်သားတွေက ကားနဲ့ပတ်နေတာတွေရှိသလို မြို့အဝင်အထွက်တွေမှာလည်း သူတို့က ဂိတ်တွေထားပြီး စစ်ဆေးတာတော့ ရှိတာပေါ့။” ဟု နမ့်ခမ်းမြို့တွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောပြသည်။

တစ်ဖက်တွင်လည်း မတ်လ(၄)ရက်နေ့တွင် စစ်ကောင်စီဘက်က မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးကြောင်း ကြေညာခဲ့သည်။