နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စက်သုံးဆီများအား စမတ်ကဒ်ဖြင့် ရောင်းချရန် စီစဉ်နေဟုဆို

စက်သုံးဆီများအား စမတ်ကဒ်ဖြင့် ရောင်းချရန် စီစဉ်နေဟုဆို

Hsan Loi Editor
04/09/2024
Share:

 

စက်သုံးဆီရောင်းချခြင်းအား စမတ်ကဒ်ဖြင့်သာ ရောင်းချရန် စက်သုံးဆီ တင်သွင်းသိုလှောင်ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စီစဉ်နေကြောင်း သိရသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံစီးပွားရေး ပိုမိုကြပ်တည်းလာလျက်ရှိပြီး ထိုအထဲတွင် ငွေကြေးမတည်ငြိမ်မှုကြောင့် စက်သုံးဆီရရှိရန်ပင် ခက်ခဲလာသည့် အခြေအနေဖြစ်သည်။

 

ပြည်သူတစ်ဦးအနေဖြင့် မိမိတို့၏ အိမ်စီးကားနှင့်ဆိုင်ကယ်များအား ဓာတ်ဆီဖြည့်နိုင်ရန် တန်းစီနေရပြီး မှောင်ခိုဈေးကွက်တွင်လည်း စက်သုံးဆီဈေးနှုန်း အဆမတန် များပြားနေသည်။ ယခုအခါ စက်သုံးဆီအား စမတ်ကဒ်ဖြင့် ရောင်းချမည်ဆိုပါက ဓာတ်ဆီရရှိရန် ပိုမိုခက်ခဲလာနိုင်သည့် အနေအထားဖြစ်သည်ဟု ပြည်သူများက သုံးသပ်ကြသည်။