နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အောင်မြင်ဖို့ ယုံကြည်မှုတည်ဆောက်ခြင်း အစီအမံကို နှစ်ဦးနှစ်ဖက် အလေးထားဆောင်ရွက်သွားဖို့ လိုတယ်လို့ RCSS ပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အောင်မြင်ဖို့ ယုံကြည်မှုတည်ဆောက်ခြင်း အစီအမံကို နှစ်ဦးနှစ်ဖက် အလေးထားဆောင်ရွက်သွားဖို့ လိုတယ်လို့ RCSS ပြော

Hsan Loi Editor
28/09/2026
Share:
ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အောင်မြင်ဖို့ ယုံကြည်မှု တည်ဆောက်ခြင်းဟာ အလွန်အရေးကြီးပြီး ၎င်းအစီအမံကို လက်တွေ့ကျကျ နှစ်ဦးနှစ်ဖက်က အလေးထားဆောင်ရွက်သွားဖို့ လိုတယ်လို့ RCSS အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စိုင်းငင်း ကပြောကြားခဲ့ပါတယ်။May be an image of one or more people, dais and text
ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်မှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးပွဲအတွင်း ဗိုလ်မှူးကြီး စိုင်းငင်း က အထက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။May be an image of table, dais and text
ဒါ့အပြင် RCSS အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆောင်ရွက်ရာမှာ တစ်ဖွဲ့ချင်းအရေးနဲ့ အားလုံးအရေး ဟန်ချက်ညီအောင် ကြိုးပမ်းဆောင်ရွက်နေပြီး အားလုံးလိုလားတောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မှတဆင့် သက်ဆိုင်ရာ Stakeholders များ အားလုံးနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒသဘောရှိတယ်လို့ ဆိုပါတယ်။May be an image of dais and text
ဆွေးနွေးပွဲမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ဆက်သွယ်ဆက်ဆံရေး လုပ်ငန်းတွေ၊ ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ငန်းတွေ၊ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းနဲ့ အခြားကိစ္စရပ်တွေ အပြန်အလှန် ဆွေးနွေးပြီး နားလည်မှုတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ဗဟိုဦးစီးကော်မတီဝင် အပါအဝင် ၈ ဦးနဲ့ NSPNC ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။