နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဂုတ်တွင်းကို ထိန်းချုပ်ရန်ကြိုးစားလာသည့် TNLA အဖွဲ့အား စစ်ကောင်စီ၏ ကျောက်မဲအမြောက်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်နေ

ဂုတ်တွင်းကို ထိန်းချုပ်ရန်ကြိုးစားလာသည့် TNLA အဖွဲ့အား စစ်ကောင်စီ၏ ကျောက်မဲအမြောက်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်နေ

Hsan Loi Editor
07/11/2023
Share:

 

နောင်ချို-ကျောက်မဲလမ်း ဂုတ်တွင်းကြိုးဝိုင်းအား ထိန်းချုပ်ရန်ကြိုးစားလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA အဖွဲ့အား ယနေ့ (၇.၁၁.၂၀၂၃) ရက်နေ့ ည(၈)နာရီခန့်က စတင်ပြီး ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက သျှမ်းပြည်နယ်မြောက်ပိုင်းရှိ ဂုတ်ထိပ်ကြိုးဝိုင်းအား ထိန်းချုပ်ရန် TNLA အဖွဲ့က အနီးအနားရှိကျေးရွာများအား အကာအကွယ်ရယူပြီး နေရာယူထားခဲ့သည်။

 

ထို့ကြောင့် စစ်ကောင်စီဘက်ကလည်း စစ်ရဟတ်ယာဉ်အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ် ဂုတ်တွင်းအနီးရှိ လုံကြိမ်ရွာနှင့် နောင်ပစ်ရွာတို့ရှိ အဆောက်အအုံအချို့ လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးခဲ့သည်။

 

လုံကြိမ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းလည်း လက်နက်ကြီးထိမှန်ခဲ့သလို နောင်ပစ်ကျေးရွာရှိ စေတီပုထိုးများလည်း လက်နက်ကြီးကြောင့် ပျက်စီးခဲ့ရသည်ဟုဆိုသည်။

 

လက်ရှိအချိန်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုအပြင် TNLA အဖွဲ့၏ ကျေးရွာအား အကာအကွယ်ပြု ဝင်ရောက်နေရာယူမှုကြောင့် ဒေသခံအများအပြား နောင်ပိန်ရွာသို့ ထွက်ပြေးတိမ်းရှောင်ထားရကြောင်း သတင်းရရှိသည်။