နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ချင်းလက်နက်ကိုင်အချင်းချင်း (၃)ရက်ဆက် တိုက်ပွဲဖြစ်ပွား

ချင်းလက်နက်ကိုင်အချင်းချင်း (၃)ရက်ဆက် တိုက်ပွဲဖြစ်ပွား

Hsan Loi Editor
05/05/2024
Share:

 

ချင်းပြည်နယ်ရှိ ချင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNA) နှင့် ဇိုမီးတော်လှန်ရေးတပ်(ZRA-EC) တို့သည် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း (၃)ရက်ဆက်တိုက် အချင်းချင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

မေလ (၁)ရက်နေ့ကတည်းက တီးတိန်မြို့နယ် မွာလ်လုမ်းကျေးရွာအနီးရှိ ZRA-EC အဖွဲ့၏ တပ်စခန်းအား CNA က ထိုးစစ်ဆင်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

 

လက်ရှိအချိန်အထိ တီးတိန်မြို့နယ်အတွင်း ချင်းလက်နက်ကိုင်အဖွဲ့(၂)ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိနေသေးသည်ဟု ဖလမ်းမြို့နယ်မှ ချင်းတိုင်းရင်းသူတစ်ဦးက ပြောပြသည်။

 

Zomi Revolutionary Army-Eastern Command (ZRA-EC) ဇိုမီးတော်လှန်ရေးတပ်သည် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်ခြားစောင့်တပ်အဖြစ် တည်ရှိနေသော အဖွဲ့ဖြစ်သည်။

 

CNF/CNA သည် NCA လက်မှတ်ရေးထိုးထားသော ချင်းတော်လှန်ရေးတပ်ဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် NUG နှင့်ပူးပေါင်းပြီး စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲများ ဆင်နွဲနေသည့် အဖွဲ့ဖြစ်သည်။