နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ချင်းမိုင်မြို့ရှိ ပင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဆင်စခန်းမှ ရေနစ်မြုပ်နေတဲ့ဆင်များကို အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်နေ

ချင်းမိုင်မြို့ရှိ ပင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဆင်စခန်းမှ ရေနစ်မြုပ်နေတဲ့ဆင်များကို အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်နေ

Hsan Loi Editor
05/10/2024
Share:

 

ပင်းမြစ်ရေမြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိကာ Elephant Nature Park မှ ရေနစ်မြုပ်နေတဲ့ ဆင်များကို ဘေးလွှတ်ရာသို့ ရွေ့ပြောင်းဖို့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်။

 

ချင်းမိုင်မှာ စံချိန်တင်ရေကြီးမှုကြောင့် မယ့်တန်ဆင်စခန်းမှ ဆင်အကောင်‌ရေ ရာနဲ့ချီ အရေးပေါ်ပြောင်းရွှေ့နေရပြီး တိရစ္ဆာန်ထောင်ချီအတွက် အကူအညီလိုအပ်နေကြောင်း Elephant Nature Park မှ ဖော်ပြထားသည်။

 

” စံချိန်တင်တက်လာတဲ့ Ping မြစ်ရေကြောင့် အခုဆိုရင် ချင်းမိုင် Bus Station၊ ချင်းမိုင်ဘူတာ နှစ်ခုလုံး ရေဝင်နေပါပြီ၊ ပင်းမြစ်ဘေးက အနိမ့်ပိုင်းရပ်ကွက် တွေဆို ရေမြုပ်လို့ ဘာပစ္စည်းမှ မရွေ့ပြောင်းလိုက်ရဘူး” လို့ ထိုင်းရောက်မြန်မာတစ်ဦးက ပြောသည်။

 

အခုလိုရေကြီးမှုကြောင့် ရေကြီးရေလျှံဖြစ်နေတဲ့ လမ်းမအချို့များကို အာဏာပိုင်တွေက ပိတ်ထားကြောင်း သိရသည်။

 

ထိုင်းနိုင်ငံမှာ ယခုနှစ် သြဂုတ်လ(၁၆)ရက်မှ အောက်တိုဘာလ(၅)ရက်အတွင်း ရေကြီးရေလျှံမှုကြောင့် လူ ၄၉ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။