နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ချင်းပြည်နယ်ရှိ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီထပ်မံကြေညာ

ချင်းပြည်နယ်ရှိ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီထပ်မံကြေညာ

Hsan Loi Editor
17/05/2023
Share:

 

၂၀၂၃ ခုနှစ် မေလ (၁၇)ရက်နေ့က တိုက်ခတ်သွားသော စူပါဆိုင်ကလုန်းမုန်တိုင်း မိုခါ သည် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဖြတ်ကျော်ဝင်ရောက်ပြီး ချင်းပြည်နယ် ပလက်ဝမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသည်။

 

အဆိုပါ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြတ်ပေါ်ခဲ့သော ချင်းပြည်နယ်ရှိ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်များအား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီမှ ယမန်နေ့တွင် ထပ်မံထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

 

စစ်ကောင်စီမှ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့သော မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ဒေသများဖြစ်သည်။