နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ချင်းညီနောင်စစ်ဆင်ရေး(Operation CB)မှ သေနတ်မ‌ဖောက်ဘဲ ကန်ပက်လက်မြို့ကိုသိမ်းပိုက်

ချင်းညီနောင်စစ်ဆင်ရေး(Operation CB)မှ သေနတ်မ‌ဖောက်ဘဲ ကန်ပက်လက်မြို့ကိုသိမ်းပိုက်

Hsan Loi Editor
22/12/2024
Share:

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ည(၁၂)နာရီခန့်တွင် မြို့တွင်းမှအကုန်စွန့်ခွာသွားကြသဖြင့် ချင်းညီနောင် စစ်ဆင်ရေး (Operation CB) မှ သေနတ်မ‌ဖောက်ဘဲ ကန်ပက်လက်မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

 

ကန်ပက်လက်မြို့သိမ်းစစ်ဆင်ရေးကို ယနေ့ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် စတင်ပြီဖြစ်‌ကြောင်း ချင်းညီနောင်(CB)က ထုတ်ပြန်ထားသည်။

 

ချင်းညီနောင်အနေဖြင့် ဖလမ်းနှင့် မင်းတပ် မြို့သိမ်း တိုက်ပွဲများကို ပြီးခဲ့သည့် နိုဝင်ဘာလ(၉)ရက်နေ့က စတင်ခဲ့ပြီး ဒီဇင်ဘာလ(၂၁)ရက်‌‌နေ့မှာ မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ ယခုတခါ သေနတ်မဖောက်ဘဲ ကန်ပက်လက်မြို့ကို သိမ်းပိုက်နိုင်ကြောင်း သိရပါသည်။