နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကွတ်ခိုင်မြို့ ရှိ နမ့်ခိုင်းတံတားအနီး လိုင်းသုံးနေသည့် အမျိုးသမီးတစ်ဦးအား MNDAA မောင်းနှင်လာတဲ့ ကားတစ်စီးမှ ဝင်တိုက်မိ

ကွတ်ခိုင်မြို့ ရှိ နမ့်ခိုင်းတံတားအနီး လိုင်းသုံးနေသည့် အမျိုးသမီးတစ်ဦးအား MNDAA မောင်းနှင်လာတဲ့ ကားတစ်စီးမှ ဝင်တိုက်မိ

Hsan Loi Editor
18/12/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နှင့် မိုင်းယုလမ်းခွဲအကြား ဆက်သွယ်ထားသော နမ့်ခိုင်း တံတားအနီးတွင် အင်တာနက်လိုင်းအသုံးပြုနေသည့် အမျိုးသမီးတစ်ဦးအား ကိုးကန့်တပ် MNDAA မောင်းနှင်လာသည့် ကားတစ်စီးမှ ဝင်တိုက်သွားကြောင်း TNLA က ယနေ့နေ့လည်မှာ ထုတ်ပြန် ထားသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၄)ရက် နံနက်ပိုင်းအချိန်တွင် နမ့်ဖတ်ကာမှ MNDAA တပ်ဖွဲ့ဝင် အရှိန်ဖြင့် မောင်းနှင်လာသည့် မော်တော်ကားတစ်စီးသည် ပြည်ထောင်စုလမ်းမကြီးအနီး လိုင်းသုံးနေသည့် အမျိုးသမီး(၁)ဦးအား ဝင်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ ကားတိမ်းမှောက်မှုဖြစ်ပွားကာ ကားအတွင်း လိုက်ပါလာသည့် အမျိုးသမီး(၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ကားတိုက်ခံရသည့် အသက်(၅၀)နှစ်အရွယ် အမျိုးသမီးသည် မိုင်းယုလေးအုပ်စု၊ ပန်လော့ ကျေးရွာတွင် နေထိုင်ပြီး ၄င်းလူနာကိုလည်း ကိုးကန့်တပ်မှ တာဝန်ယူဆေးကုသပေးသည်ဟု သိရသည်။