နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကြံတစ်တန်လျှင် ပေါက်ဈေး(၁၂၀၀၀၀) ကျပ်အထိ ရရှိမည်ဟု ငွေရည်ပုလဲကုမ္ဗဏီကြေညာ

ကြံတစ်တန်လျှင် ပေါက်ဈေး(၁၂၀၀၀၀) ကျပ်အထိ ရရှိမည်ဟု ငွေရည်ပုလဲကုမ္ဗဏီကြေညာ

Hsan Loi Editor
07/10/2023
Share:

 

သျှမ်းပြည်နယ်တွင် ထွက်ရှိသော ကြံများကို အဓိကဝယ်ယူလျက်ရှိသည့် ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်သည် အောက်တိုဘာလ (၃) ရက်နေ့က၂၀၂၃-၂၀၂၄ ကြံရာသီအတွက် ကြံတစ်တန်လျှင် စက်ရုံအရောက် (၁၂၀,၀၀၀) ကျပ်ဖြင့် ဝယ်ယူမည်ဟု ထုတ်ပြန်သတ်မှတ်ခဲ့သည်။ လွန်ခဲ့သော ဩဂုတ်လကပင် ကြံတစ်တန်လျှင် (၁၁၀၀၀) ကျပ်ဖြင့်သာ ဝယ်ယူခဲ့သော်လည်း ယခုအခါ ကြံတစ်တန်လျှင် (၁၂၀,၀၀၀) ကျပ်အထိ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

 

သို့သော် ယခုနှစ်တွင် ကုန်ဈေးနှုန်းအဆမတန်မြှင့်မားလာမှုကြောင့် ကြံစိုက်ပျိုးရာတွင် အသုံးပြုသော ဓာတ်မြေဩဇာတစ်အိတ်၏ တန်ဖိုးသည် (၁၃၀,၀၀၀) ကျပ်ရှိသည်ဟုဆိုသည်။

 

“ ဖေဖော်ဝါရီလတုန်းကတော့ တရုတ်ပြည်ကနေ မြန်မာနိုင်ငံကကြံတွေကို ဝယ်ယူပေးနေပြီးတော့ တစ်တန်ကို (၂) ကျပ်သိန်းအထိ ပေါက်ဈေးရှိတယ်ပြောတယ်။ ဒါပေမယ့် တောင်သူတွေက ဈေးကွက်ကိုလည်းမရှာတတ်သလို ငွေရည်ပုလဲကုမ္ဗဏီက ထုတ်ပေးထားတဲ့စိုက်စရိတ်နဲ့စိုက်ထားရတာဆိုတော့ သူတို့ကိုပဲ ပြန်ရောင်းရတာပေါ့။ သူတို့ကပေးတဲ့ဈေးအတိုင်းပဲရောင်းရတာဆိုတော့ တကယ်တမ်းပြောရင် ဒီနှစ်ကုန်ဈေးနှုန်းအရမ်းတက်နေတာနဲ့ မြေဩဇာတစ်အိတ်ကို (၁၃၀၀၀၀) ကျပ်အထိ ပေးဝယ်ရတယ်။ အခုက ကြံတစ်တန်ကို (၁၂၀၀၀၀) ကျပ်ဆိုတော့ မြေဩဇာတစ်အိတ်ဖိုးတောင်မရှိပါဘူး။ ဒါတောင် ကားခနဲ့လူငှားခက ရှိသေးတယ်။” ကျောက်မဲမြို့နယ်က ကြံစိုက်တောင်သူတစ်ဦးမှ ပြောပြသည်။

 

ငွေရည်ပုလဲကုမ္ပဏီအနေဖြင့် ကြံစိုက်တောင်သူများအတွက် ကြံစိုက်ဧကကိုတွက်ချက်ပြီး အတိုးမဲ့စနစ်ဖြင့် ငွေကြိုထုတ်ချေးပေးလျက်ရှိပြီး ကြံပေါ်ချိန်ရောက်မှ ပြန်လည်နုတ်ယူခြင်းဖြစ်သည်။