ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ကျွန်ုပ်တို့ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်များဖြစ်သင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြော

ကျွန်ုပ်တို့ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်များဖြစ်သင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြော

Hsan Loi Editor
14/05/2026
Share:
ဒီကနေ့ မေလ ၁၄ ရက် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က Great Hall of the People ခန်းမမှာ ကျင်းပတဲ့ တရုတ်နဲ့ အမေရိကန်တို့ နှစ်နိုင်ငံ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က “ကျွန်ုပ်တို့ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်များဖြစ်သင့်တယ်လို့ အမေရိကန် သမ္မတ ထရမ့် အား ပြောကြားခဲ့ပါတယ်။
No photo description available.
မစ္စတာထရမ့်နဲ့ မစ္စတာရှီတို့ဟာ နှစ်ဖက်တာဝန်ရှိသူများနဲ့အတူ ပြည်သူ့ခန်းမဆောင်ကြီးအတွင်းမှာ နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေကြပါတယ်။
မစ္စတာရှီရဲ့ အဖွင့်မိန့်ခွန်းမှာ နှစ်နိုင်ငံအကြား ကွဲပြားခြားနားချက်တွေထက် တူညီတဲ့ အကျိုးစီးပွားတွေ ပိုမိုရှိနေပြီး တစ်နိုင်ငံရဲ့ အောင်မြင်မှုဟာ အခြားတစ်နိုင်ငံအတွက် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ယုံကြည်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးဟာ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ရရှိနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် ဆုံးရှုံးမှုများသာ ဖြစ်ပေါ်စေလိမ့်မယ်” လို့ မစ္စတာရှီက သတိပေး ပြောကြားခဲ့ပါတယ်။
May be an image of the Oval Office
ဆက်လက်ပြီး ရှီက “ ကျွန်ုပ်တို့ တစ်ဦးကိုတစ်ဦး အောင်မြင်အောင် ကူညီပေးပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ကာ ခေတ်သစ်မှာ နိုင်ငံကြီးများ အချင်းချင်း ကောင်းမွန်စွာ ဆက်ဆံနိုင်မယ့် မှန်ကန်တဲ့ နည်းလမ်းကို ရှာဖွေသင့်တယ်” လို့ဆိုပါတယ်။
ဒါ့အပြင် မစ္စတာထရမ့်နဲ့ ဆွေးနွေးရန် စောင့်မျှော်နေကြောင်းနဲ့ ၂၀၂၆ ခုနှစ်ဟာ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင်ပြီး အရေးပါတဲ့ နှစ်တစ်နှစ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ – Reuters